ဘတ်စ်​ကား​ ​စီး​နင်း​မှု​အ​ပြီး​ ​က​မ္ဘာ​လှ​ည့်​ ​ခ​ရီး​သည်​များ​​ လုံ​ခြံု​ရေး​ ​တာဝန်​ယူ​ပေး​ရန်​ ဖိ​လစ်​ပိုင်​ကို​ ​တ​ရုတ်​​ တောင်း​ဆို

alt

ကြောက်ရွံ့​​ ထိတ်လန့်ဖွယ် ကမ္ဘာ လှည့်​ ခရီးသည်တင်​ ဘတ်စ်ကား စီးနင်းမှုကြီး ဖြစ်ပေါ်ခဲ့​ ပြီးနောက် ဖိလစ်ပိုင်​ အစိုးရအား တရုတ်​ နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်များ၏ လုံခြံုရေးနှင့် ပတ်သက်ပြီး တာဝန်​ယူ​​ ပေးရန် တရုတ်​ အစိုးရက တောင်းဆို​ လိုက်သည်။

ဩဂုတ်လ ၂၃ ရက်နေ့က ဖိလစ်ပိုင် ရဲ​ အရာရှိဟောင်း တစ်ဦး​ ြ​​​​​​​ဖစ်သူ ရိုလန်ဒိုမန်ဒိုဇာသည် ဟောင်ကောင်​ ခရီးသည် ၂၁ ဦး အပါအဝင် လူပေါင်း ၂၅ ဦး လိုက်ပါ​ လာသည့် ဘတ်စ်ကားအား မနီလာတွင် ၁၂ နာရီ​ နီးပါးမျှ အကြမ်းဖက် စီးနင်းခဲ့ပြီး နောက်ပိုင်းတွင် ဖိလစ်ပိုင် ရဲ​ တပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်ခဲ့ရာ ကားပေါ်ရှိ ဟောင်ကောင် ကမ္ဘာလှည့်​ ခရီးသည် ၈ ဦး​ သေဆုံး​ သွားသည်။ ရဲများက အလုပ်ဖြုတ်ခံရသဖြင့် အလုပ်ပြန်ရအောင် တောင်းဆို​ ခဲ့သည့် ရဲ​ အရာရှိဟောင်း မန်ဒိုဇာကိုလည်း အသေ​ ဖမ်းဆီး​ မိခဲ့သည်။ ထို​ ကိစ္စနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်ရှိ နိုင်ငံခြား​ သားများ၏ လုံခြံုရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်​ လာသလို ဖိလစ်ပိုင် ရဲတပ်ဖွဲ့​ အပေါ် ဝေဖန်မှုများလည်း တိုးပွား​ လာသည်။

တရုတ်​ နိုင်ငံက ဖိလစ်ပိုင် အစိုးရထံ နိုင်ငံသားများ လုံခြံုရေးနှင့် ပတ်သက်ပြီး အာမခံချက်ပေးရန် တရားဝင် တောင်းဆိုလိုက်သလို ဟောင်ကောင်ကလည်း ဖိလစ်ပိုင်သို့ သွားရောက်ခြင်း မပြုရန် နိုင်ငံ​ အတွင်း ဆော်ဩခဲ့သည်။ ထို့အပြင် ဖိလစ်ပိုင် နိုင်ငံ​ အတွင်း ရှိနေသေးသည့် ဟောင်ကောင်​ ကမ္ဘာလှည့် ခရီးသွားများ​ အနေနှင့်လည်း မိမိ​ လုံခြံုရေး​ အတွက် အပြည့်အဝ သတိရှိနေကြရန်နှင့် ဖြစ်နိုင်ပါက ဖိလစ်ပိုင်မှ ပြန်လည်​ ထွက်ခွာရန် တိုက်တွန်းထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here