​အာ​ဖ​ဂန်​ရဲ​တပ်​ဖွဲ့​များ​ ​သစ်​သား​​ သေ​နတ်​ဖြင့်​ ​လေ့​ကျင့်​ရ​မည်

alt

အာဖဂန် နစ္စတန်ရှိ အလုပ်သင် ရဲတပ်ဖွဲ့များအား ၎င်းတို့ ကိုင်ဆောင်သည့် သေနတ်များ အစား သစ်သားသေနတ်များဖြင့် လေ့ကျင့်စေရန် ဆုံးဖြတ် လိုက်ကြောင်း သိရသည်။

စစ်ရေး အတွေ့အကြံု မရှိသေးသည့် အာဖဂန် ရဲတပ်သားသစ်များသည် သေနတ်​ အစစ်များနှင့် လေ့ကျင့်သည့်​ အခါ ၎င်းတို့၏ ခြေထောက်ကို မတော်တဆ ပစ်မိသည့်​ အခါများ ကြံုရသည့်အ​ ပြင် သေနတ်ကို တိုက်ချွတ်​ ဆေးကြောရင်း ကျည်ဆန်​ ထွက်သွားသည့် အခါများလည်း ရှိနေသည့်​ အတွက် အာဖဂန်အမျိုးသား ရဲတပ်ဖွဲ့က သစ်သား​ သေနတ်များဖြင့် ဦးစွာ​ လေ့ကျင့်ရန် ဆုံးဖြတ် ခဲ့ခြင်း​ ဖြစ်သည်။ နိုင်ငံ လုံခြံုရေး အကူအညီတပ်ဟု အမည်ပေးထားသည့် (ISAF) အတွက် စုစည်း ထားသည့် အလုပ်သင် ရဲတပ်သားများတွင် လယ်သမားများ၊ ဆိုင်ရှင်များနှင့် ကျောင်းသားများပင် ပါဝင်သည်။

အာဖဂန်မှ သတင်းများက သေနတ်အား တိုက်ချွတ်စဥ်နှင့် စစ်ရေးပြစဥ် ကျည်ဆန် ထွက်သွားမှုများ ရှိနေပြီးနောက် ယခုလို ဆုံးဖြတ်ချက် ပြောင်းလိုက်ခြင်းဟု ဖော်ပြခဲ့သည်။ ၎င်းတို့သည် အလုပ်သင် ဘဝတွင် သီတင်းပါတ် အနည်းငယ်မျှ သစ်သား သေနတ်များဖြင့် လေ့ကျင့် ရမည်ဖြစ်သည်။ စစ်တမ်းများအရ အာဖဂန်တွင် ဖွဲ့စည်းပေးထားသည့် ရဲတပ်ဖွဲ့ အနက် ရ၀ ရာခိုင်နှုန်းသည် စာမဖတ် တတ်သလို ပညာရေးနှင့် ပတ်သက်သည့် မည်သည့် သင်တန်း ပေးမှုမျိုးမျှ မရှိခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here