ယီမင်​​ အ​ခြေ​စိုက်​​ ​အယ်​ကေး​ဒါး​​ ခေါင်း​ဆောင်​​ ​လက်နက်​ချ​​ အ​ဖမ်း​ခံ

alt

ယီမင်နိုင်ငံ အခြေစိုက် နာမည်ကျော် အယ်ကေးဒါး အကြမ်းဖက် ခေါင်းဆောင် တစ်ဦးသည် ယခုအခါ ယီမင်လုံခြံုရေး တပ်ဖွဲ့များထံ လက်နက်ချ အဖမ်းခံ လိုက်ကြောင်း ယီမင် ကာကွယ်ရေး ဝန်ကြီး ဌာနက ဩဂုတ်လ ၁၉ ရက်နေ့တွင် ကြေညာခဲ့သည်။

၂၀၀၂ ခုနှစ်က ပြင်သစ် ဆီတင် သင်္ဘော တစ်စင်းအား ဗုံးခွဲမှုတွင် ပါဝင်သည်ဟု စွပ်စွဲ ခံနေရသည့် ဟီဇမ်မူဂျာလီသည် မိမိ သဘော အတိုင်း အဖမ်းခံခဲ့ကြောင်း ဝန်ကြီး ဌာနက သတင်း ထုတ်ပြန် ခဲ့သည်။ ဟီဇမ်သည် ဆန်နားမြို့တော် မြောက်ပိုင်း ကီလိုမီတာ ၃၀ အကွာရှိ အာဟက်ခရိုင်မှ ထင်ရှားသော နယ်မြေခံ အကြမ်းဖက် ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ယီမင် အာဏာပိုင်များသည် ယီမင် တောင်ပိုင်း ကမ်းလွန်တွင် ပြင်သစ် ရေနံတင် သင်္ဘောအား ဗုံးခွဲမှု အတွက် ဟီဇမ်က အဓိက ဦးဆောင်ခဲ့ကြောင်း စွပ်စွဲထားသည်။ ၎င်းအား ၂၀၀၃ ခုနှစ်က ဖမ်းမိခဲ့ပြီး စစ်ဆေး မေးမြန်း နေခဲ့သော်လည်း ၂၀၀၆ ခုနှစ်တွင်မူ အစောင့်အကြပ် ထူထပ်စွာ ချထားသည့် အကျဥ်းထောင်မှ ထွက်ပြေး လွတ်မြောက် သွားသည်။ ယီမင်အာဏာပိုင်များက အခြားအယ်ကေးဒါး ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ဂျူမန်းဆူဖလန်သည်လည်း လက်နက်ချ အဖမ်းခံခဲ့ကြောင်း ပြောကြားခဲ့သည်။

ယီမင်ရှိ အာရေးဘီယား ရေလက်ကြားတွင် ခိုအောင်းနေသည့် အယ်ကေးဒါးတို့သည် နိုင်ငံအစိုးရ တပ်များနှင့် မကြာခဏ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယီမင်သည် တစ်ချိန်က အယ်ကေးဒါး ခေါင်းဆောင်ကြီး အိုစမာဘင်လာဒသ် ခြေကုပ်ယူခဲ့သည့် အဓိ မဟာဗျူဟာ နယ်မြေတစ်ခုဖြစ်ပြီး ယခုအခါ စစ်ဖက်က လေကြောင်းမှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ပြီးနောက် အကြမ်းဖက်ခေါင်းဆောင်များ လက်နက်ချလာခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here