​ခ​လုတ်​များ​ကို​​ ​စိတ်​ကြိုက်​​ ပြောင်း​ရွှေ​​ နိုင်​သ​ည့်​​ Microsoft​ Keyboard​ ​မိတ်​ဆက်​ပြ​သ

alt

Microsoftသည် ခလုတ်များအား မိမိစိတ်ကြိုက် ပြောင်းရွှေ့ထားရှိနိုင်သည့် Keyboardတစ်မျိုးအား မိတ်ဆက်ပြသလိုက်သည်။ ယင်း​ Keyboard​ သည် ယခုလက်ရှိ သုံးစွဲနေသည့် ခလုတ်ပုံသေ သတ်မှတ်ထားသော ကွန်ပျူတာ Keyboard​ များ နေရာတွင်

အပြည့်အဝ အစားထိုးသွားနိုင်ရန် Microsoftက မျှော်လင့်ထားသည်။

Qwerty​ ဟု အမည်ပေးထားသော Keyboard​ သည် ဖောက်ထွင်းမြင်နိုင်သော ခလုတ်များနှင့် LCDမျက်နှာပြင် ပါရှိသည်။ ထို့အပြင် Touchscreen နည်းပညာကိုလည်း Feature​ အဖြစ် ထည့်သွင်းပေးထားပြီး မကြာသေးမီက အသုံးပြုခဲ့သည့် Program​ များ ပြန်လည်ဖွင့်လှစ်ရန်၊ အခြား​ Program​ သစ်များ ရှာဖွေရန် စသည်တို့ကို အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယခု​ Keyboard​ သည် စမတ်ဖုန်းများတွင် ပါဝင်သည့် အသေးစား Keypadလေးများအား အခြေခံ တီထွင်ထားခြင်းဖြစ်ပြီး ထူးခြားသော အချက်မှာ ခလုတ်များကို အလွယ်တကူ နေရာ​ ရွှေ့ပြောင်းနိုင်ခြင်းဖြစ်သည်။ Microsoft​ က ခလုတ်ပြောင်းလဲမှုများ ပြုလုပ်ထားသည့် Keyboard​ ဖြင့် PowerPoint စမ်းသပ်သုံးစွဲနေမှုကို သရုပ်ပြခဲ့ပြီး Qwerty​ ဖြင့် လိုအပ်သော ဖန်တီးမှုများကို စိတ်ကြိုက်ပြုလုပ်နိုင်ကြောင်း ကြေညာခဲ့သည်။

Microsoft​ က ယခုဆောင်ရွက်ချက်သည် ၁၉၈၀ ပြည့်လွန် နှစ်များကတည်းက သုံးစွဲလာသည့် Keyboard​ များနှင့် ပတ်သက်ပြီး အကြီးမားဆုံး ပြောင်းလဲမှုအဖြစ်လည်း ကြွေးကြော်ထားသည်။ ယင်းလုပ်ဆောင်ချက်အရ Keyboard​ များတွင် ခလုတ်အနေအထား စံသတ်မှတ်ချက်ကို ပယ်ဖျက်နိုင်ပြီး ပြောင်းလွယ်ပြင်လွယ် သုံးစွဲနိုင်မည်ဟု Microsoft​ က ပြောဆိုထားသည်။ ထို​ Keyboard​ အား မည်သည့်အချိန်တွင် စတင်ရောင်းချမည်ကို မသိရသေးချေ။

LEAVE A REPLY

Please enter your comment!
Please enter your name here