Transporter​ ​မင်း​သား​နှင့်​ Transformers​ ​မင်း​သ​မီး​တို့​ ​စုံ​တွဲ​ခုတ်

alt

ယခုတလော ဟောလီးဝုဒ်တွင် လူပြော အများဆုံး စုံတွဲ အသစ် ထွက်ပေါ် လာပြီဟု ဆိုသည်။ Transporter​ မင်းသား ဂျေဆန် စတက်ဟမ်းနှင့် Transformer​s မင်းသမီးချော ရိုစီ ဟက်တင်ဂန်ဝှစ်တလီတို့သည် ယခုအခါ ပေါ်ပေါ် ထင်ထင် တွဲနေပြီ ဖြစ်သည်။

ကားမောင်း ကျွမ်းကျင်ပြီး Transporter ဇာတ်ကားများနှင့် နာမည်ကြီးလာသည့် အသက် ၃၇ နှစ်​ အရွယ် ဂျေဆန်သည် Transformers 3 ဇာတ်ကားတွင် မင်းသမီး​ အဖြစ် ပါဝင်ခွင့် ရခဲ့သည့်​​ ရိုစီအား မျက်စိ​ ကျလာ​ ခဲ့ခြင်းဟု မိတ်ဆွေများက ပြောကြားခဲ့သည်။ အသက် ၂၅ နှစ်ရှိ ရိုစီသည် Trasformers 3​ တွင် ယခင်​ မင်းသမီး မီဂန်​ ဖော့စ်နေရာ ဆက်ခံ​ ပါဝင်ခွင့် ရရှိခဲ့ခြင်း​ ​လည်း​ဖြစ်သည်။ ဂျေဆန်နှင့် နီးစပ်သူများက နာမည်ကျော် အက်ရှင်​ မင်းသားသည် ရိုစီနှင့်​ အတူ အချိန်​ဖြုန်း​ နေရခြင်း​ အား ပျော်ရွှင်​ ကျေနပ်​ နေကြောင်း ပြောကြားခဲ့ကြသည်။

ရိုစီသည် Victoria’s Secret အမျိုးသမီး အတွင်းခံ အဝတ်အထည် မော်ဒယ်​ အဖြစ်မှ ရုပ်ရှင်​ မင်းသမီး​ အဖြစ် ကူးပြောင်းလာခြင်း​ ဖြစ်သည်။ သူမက Transformers​ ဇာတ်ကားတွင် တွဲဖက်​ သရုပ်ဆောင်သည့် မင်းသား ရှားလီဘော့အား ဆွဲဆောင်မှု​ ရှိသူ​ အဖြစ် ပြောဆို​ ခဲ့ဖူး​ သေးကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here