​က​လေး​နှစ်ဦး​ကို​​ ​ရေ​နှစ်​​ သတ်​ဖြတ်​မှု​ဖြင့်​​ ​အ​မေ​ရိ​ကန်​​ အ​မျိုး​သ​မီး​​ ​စုံ​စမ်း​ခံ​ရ

alt

အမေရိကန် နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် သူမ၏ ကလေး နှစ်ဦးအား ရေနှစ် သတ်ဖြတ်ခဲ့မှု အတွက် စုံစမ်းမှုများ ကြံုနေရကြောင်း သိရသည်။ တောင်ပိုင်း ကာရိုလိုင်းနားရှိ အော်ရင်ဘက်တွင် နေထိုင်သော အသက် ၂၉ နှစ် အရွယ် ရှာကွန်ဒူလီက

အသက် ၂ နှစ်နှင့် ၁၈ လအရွယ် သားနှစ်ဦးအား ကား နောက်ခန်းထဲတွင် သော့ပိတ်ကာ ကားကို မြောက်ပိုင်း အီဒစ်စတိုမြစ် အတွင်း တွန်းချ ခဲ့ကြောင်း ဝန်ခံ သွားသည်။

အလုပ်လက်မဲ့ တစ်ဦး ဖြစ်သည့် ဒူလီအား သူမ၏ မိခင်က ဒူလီ အနေနှင့် ကလေး နှစ်ဦး အား ကျွေးမွေး စောင့်ရှောက် နိုင်စွမ်း ရှိမည် မဟုတ်ဟု ပြောဆို ခဲ့ပြီးနောက် အမျိုးသမီးက ယခုလိုလုပ်ရန် ဆုံးဖြတ် လိုက်ခြင်းဟု စုံထောက် အရာရှိ လယ်ရီဝီလျံက ပြောကြား သွားသည်။ ထို့အပြင် ဒူလီသည် ယခု လုပ်ရပ်အတွက် အလွန် ခံစား ခဲ့ရကြောင်းလည်း လယ်ရီက ဆိုသည်။ ဒူလီသည် သား နှစ်ဦး အပြင် ၅ နှစ် အရွယ် သမီးလေး တစ်ဦးလည်း ရှိသေးပြီး သူမ၏ မိခင်နှင့် အတူ စုတ်ပြတ် နုံချာလှသည့် လမ်းကြား တစ်ခု အတွင်း ငှားရမ်း ထားသည့် အိမ်လေးတွင် နေရ သူဖြစ်သည်။ သူမသည် ဩဂုတ် ၁၅ ရက်နေ့က မိခင်နှင့် စကားများ ပြီးနောက် မိခင်ရော သမီးငယ်ကိုပါ ထားခဲ့ပြီး သားနှစ်ဦး ဖြစ်သည့် ဒီဗေနီ၊ ဂျာဗန်တို့နှင့် အတူ ထွက်လာခြင်း ဖြစ်သည်။

ပထမတွင် အနီးရှိ မိုတယ်တစ်လုံးသို့ သွားရောက်ရန် ရည်ရွယ်ခဲ့သော်လည်း နောက်တွင်မူ ဒူလီသည် ကလေးများအား ကိုယ်တိုင်အဆုံးစီရင်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ ကိစ္စပြီးချိန်တွင်မူ ဒူလီသည် လမ်းမပေါ် ပြန်လျှောက်လာပြီးနောက် မော်တော်ဆိုင်ကယ် တစ်စင်းအား တားကာ အနီးဆုံး ရဲစခန်းသို့ ပို့ပေးရန် အကူအညီတောင်းခဲ့ပြီး ကိုယ်တိုင်အဖမ်းခံခဲ့သည်။ ရဲများသည် နောက်ပိုင်းတွင် ဒူလီတွန်းချခဲ့သော မော်တော်ကားအား ပြန်လည်ဆယ်ယူနိုင်ခဲ့သည်။ သူမသည် ယခုအခါ အဖမ်းခံထားရပြီး ကျန်နေသည့် ၅ နှစ်အရွယ် သမီးလေးမှာမူ အဖွားနှင့် နေထိုင်နေဆဲဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here