​ငွေ​ကြေး​အ​သုံး​ ​စီ​စစ်​နေ​သည့်​ ​ဒေး​ဗစ်​​ ဘက်​ခမ်း

alt

ဒေးဗစ် ဘက်ခမ်းတစ်ယောက် ငွေကြေး သုံးစွဲမှုနှင့် ပတ်သက်ပြီး စီစစ် နေပြီဟု သိရသည်။ ဘောလုံး လောကတွင်ရော၊ မော်ဒယ် အဖြစ်ပါ နာမည်ကြီး ခဲ့သည့် အင်္ဂလန် လက်ရွေးစင်ဟောင်းနှင့် ဇနီးသည် ဗစ်တိုးရီးယားတို့သည်

အကုန်အကျ စရိတ် သက်သာစေရန် ၎င်းတို့၏ စံအိမ်များမှ အမှုထမ်း ၃ ပုံ ၁ ပုံအား အလုပ် ဖြုတ်လိုက် ပြီဟုဆိုသည်။ နှစ်ဦးပေါင်း ပေါင်စတာလင် ၁၁၅ သန်းမျှ ကြွယ်ဝသည့် နာမည်ကျော် စုံတွဲအား ၎င်းတို့၏ စာရင်းစစ်များက ဝင်ငွေ တစထက် တစ လျော့ကျ လာနေကြောင်း သတိပေး ပြောဆို လိုက်ပြီးနောက် လန်ဒန်၊ လော့စ်အိန်ဂျယ်လိစ်၊ ဒူဘိုင်းနှင့် ပဲရစ်တို့ရှိ အမှုထမ်း ၅၀ အနက်မှ ၁၄ ဦးကို အလုပ်ထုတ်လိုက်သည်။

The Sun​ သတင်းစာက ဗစ်တိုးရီးယားသည် သူမတို့ စုံတွဲ၏ ငွေကုန်ကြေးကျ အလွန်များပြားသည့် လူနေမှု ပုံစံနှင့် ပတ်သက်ပြီး စိုးရိမ်လျက် ရှိသောကြောင့် စာရင်းအင်း ကျွမ်းကျင်သူများကို ခေါ်ယူကာ လေ့လာအကြံဉာဏ်ပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။ အချို့သော စာရင်းစစ်များက ဝန်ထမ်းများ အလုပ်ဖြုတ်ရန် မလိုအပ်သေးကြောင်း ပြောဆိုခဲ့သော်လည်း ဘက်ခမ်းမောင်နှံက ယခုလို ဆုံးဖြတ်လိုက်ခြင်းဟု သိရသည်။

ဘက်ခမ်းတို့ အလုပ်ဖြုတ်လိုက်သူများအနက် ၎င်းတို့၏ ဘက်ကင်ဂမ် နန်းတော်ဟု တင်စားခေါ်ဝေါ်ခြင်း ခံရသည့် ဗြိတိန်ရှိ နေအိမ်တွင် ရှစ်နှစ်ကြာ အမှုထမ်းခဲ့သည့် သန့်ရှင်းရေးဝန်းထမ်း အမျိုးသမီးကြီးလည်း ပါဝင်ပြီး သူမ၏နေရာတွင် စရိတ်သက်သာသည့် နိုင်ငံခြားသား ဝန်ထမ်းနှစ်ဦးအား အစားထိုး ခန့်ထားခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here