အသက် ၁၆ နှစ်အရွယ် ဗြိတိန်နိုင်ငံမှ သန်းကြွယ် သူဌေး

alt

ဗြိတိန် နိုင်ငံမှ ကျောင်းသားလေး တစ်ဦးသည် အသက် ၁၆ နှစ် အရွယ်နှင့် သန်းကြွယ် သူဌေး ဖြစ်လာကြောင်း သိရသည်။ ကွန်ပျူတာ ကဝေ ပေါက်စလေး အဖြစ် တင်စားခံရသည့်

ခရစ်စတီယန် အိုဝင်သည် ၎င်း ပိုင်မုန့်ဖိုးများကို စုဆောင်းကာ အသက် ၁၄ နှစ် အရွယ်တွင် ကွန်ပျူတာ ဝန်ဆောင်မှု လုပ်ငန်း စထောင်ခဲ့သည်။

ယင်း သည် Apple​ ၏ Mac Computer​ တွင် အသုံးပြု နိုင်မည့် Application​ များကို ဈေးလျှော့​ Package​ များအဖြစ် ၂၀၀၈ ခုနှစ်က စတင် ရောင်းချခဲ့ရာ ယခုအခါ ပေါင်စတာလင် ရ၀၀၀၀၀ ကျော်ထိ ဝင်ငွေ ရရှိနေပြီ ဖြစ်သည်။ ယင်းသည် အမေရိကန် ဒေါ်လာ ၁ သန်းကျော်နှင့် ညီမျှသည်။ ယခုအခါ အိုဝင်သည် လူလတ်ပိုင်း ဝန်ထမ်း ၈ ဦးကို ဗြိတိန်နှင့် အမေရိကန်တို့တွင် နည်းပညာအကူဝန်ထမ်းအဖြစ် ခန့်ထားကြောင်းလည်း သိရသည်။

အိုဝင်က ၎င်းသည် Apple​ ၏ CEO စတိဂျော့ကို အလွန်လေးစား အားကျပြီး ၎င်းပိုင် Brachr​ ကုမ္ပဏီနှင့် အရောင်းဝက်ဆိုက်ကို ပေါင်စတာလင် သန်း ၁၀၀ ကျော် တန်ဖိုးရှိသည့် လုပ်ငန်းကြီးအသွင် ပြောင်းပစ်ရန် ရည်ရွယ်ထားကြောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here