​က​မ္ဘာ့​​ ပ​ထ​မ​ဆုံး​ 3D​ ​ကင်​မ​ရာ​နှင့်​ Printing​ ဝန်​ဆောင်​မှု​ Fuji​​ ​မိတ်​ဆက်

alt

Fuji​ သည် ကမ္ဘာ့ ပထမဆုံး 3D​ ကင်မရာနှင့် Printing ဝန်ဆောင်မှုကို စတင် မိတ်ဆက် ဖြန့်ချီ လိုက်ပြီ ဖြစ်သည်။ Fuji​ ၏ တီထွင် ဆန်းသစ်မှု အရ 3D ရုပ်လုံးကြွ ဓာတ်ပုံများကို မျက်မှန် မပါဘဲ စက္ကူပေါ်တွင် ပုံနှိပ် ကြည့်ရှု နိုင်မည်ဟု သိရသည်။

Fuji ၏ ကင်မရာအသစ် FinePix​ သည် အထူး ပြုလုပ် ထားသည့် 3D​ စက္ကူ ပေါ်တွင် ပုံနှိပ် နိုင်မည့် ပုံရိပ်များကို ရိုက်ယူ နိုင်မည် ဖြစ်သည်။ 3D​ ရုပ်ရှင် ရုံများတွင် ပြသ နေသည့် ရုပ်ရှင်များ ထက် သာလွန်သော အချက်မှာ 3D​ မျက်မှန် တပ်ရန် မလိုဘဲ ရုပ်ကြွ ပုံရိပ်များကို ခံစား ကြည့်ရှု နိုင်ခြင်းဟု သိရသည်။ Lenticular နည်းပညာကို အသုံးပြုထားသော 3D​ ကင်မရာ မှန်ဘီလူးသည် ဓာတ်ပုံ တစ်ပုံ ရိုက်ယူ လိုက်သည့် အခါ လူ့မျက်လုံး နှစ်ဖက် အမြင်မတူသည့် ပုံရိပ်နှစ်ခုကို တစ်ပြိုင်တည်း မှတ်တမ်းတင် သိမ်းဆည်း ထားလိုက်သည်။ ထို့နောက် ပုံရိပ်များ ပေါင်းစပ်ကာ ရုပ်လုံး ကြွနေသည့် 3D​ ပုံစံဖြင့် ပုံဖော် နိုင်မည် ဖြစ်သည်။

နည်းပညာလောကတွင် 3D​ နည်းပညာသည် တစ်စထက်တစ်စ တွင်ကျယ်လာနေပြီး ဗီဒီယိုကင်မရာများ၊ ဂိမ်းများနှင့် ရုပ်ရှင်များတွင် သမားရိုးကျ 2D အစား 3D ပုံစံများ ပြောင်းလဲလာခဲ့သည်။ Fuji မှ ထုတ်လုပ်သော FinePix​ ကင်မရာကို လာမည့်လ အစောပိုင်းမှ စတင်ပြီး ပေါင်စတာလင် ၄၀၀ ဖြင့် ရောင်းချ​ သွားမည်ဖြစ်ပြီး မကြာမီ အချိန်အတွင်းတွင် 3D Printing ဝန်ဆောင်မှုကိုပါ စတင်သွားမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here