တိုက်​ခိုက်​ရေး​ ​တပ်​များ​​ ဆုတ်​ခွာ​​ ခဲ့​သော်​လည်း​ ​စစ်​ဆင်​ရေး​​ အ​မိန့်​ ​မူ​လ​​ အ​တိုင်း​ ​ထုတ်​ပြန်​ထား​မည်

alt

အမေရိကန် နိုင်ငံ၊ ပင်တာဂွန် စစ်ဌာန ချုပ်က အီရတ် နိုင်ငံ အတွင်းရှိ တိုက်ခိုက်ရေး တပ်များ ဆုတ်ခွာခဲ့ပြီ ဖြစ်သော်လည်း စစ်ဆင်ရေး အမိန့်ကို မူလ သတ်မှတ်ထားသည့် အတိုင်း ဩဂုတ် လကုန်ထိ ထုတ်ပြန် သွားမည်ဟု ကြေညာခဲ့သည်။

ထို့ကြောင့်လည်း လိုအပ်လာပါက စစ်ဆင်နွှဲမည့် အခြေအနေများကို အီရတ်တွင် ဆက်လက် ကျန်ရှိနေသည့် အမေရိကန် စစ်သည် ၅၆၀၀ဝ က တာဝန်ယူ ရမည် ဖြစ်သည်။ မိမိတို့၏ တပ်များသည် စက်တင်ဘာ ၁ ရက်နေ့မှ စတင်ပြီး တိုက်ခိုက်ရေး တာဝန်ကို ရပ်ဆိုင်း တော့မည်ဟု သမ္မတ ဘာရတ် အိုဘားမားက အတည်ပြုခဲ့သည်။ လက်ရှိ ကျန်နေသော စစ်သည်များသည် အီရတ် အစိုးရကို ကူညီရန်နှင့် အမေရိကန် ပိုင် လုပ်ငန်းများကို ကာကွယ်ရန် ချန်ထားခြင်း ဖြစ်ပြီး ၎င်းတပ်များ သည်လည်း ၂၀၁၁ ကုန်ဆုံး ချိန်တွင် ရုတ်သိမ်းမည်ဟု သိရသည်။ အီရတ်၏ အခြေအနေနှင့် ပတ်သက်ပြီး အမေရိကန် စစ်တပ်က ဩဂုတ်လ ၃၁ ရက်နေ့ထိ တစ်ရက်ချင်းစီ စောင့်ကြည့် သုံးသပ်နေရန် လိုအပ်ကြောင်း အီရတ် အခြေစိုက် အမေရိကန် စစ်တပ်မှ ပြောရေး ဆိုခွင့်ရ အရာရှိ စတီဖင်လန်ဇာက ဆိုသည်။

အမေရိကန်၏ နောက်ဆုံး တိုက်ခိုက်ရေး တပ်ဖွဲ့များသည် ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အီရတ်မှ တဆင့် ကူဝိတ် နယ်ခြားကို ဖြတ်ကျော်ကာ တပ်ရုတ် သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here