​လင်​ဆေး​လို​ဟန်​၏​​ ​မိ​ဘ​နှစ်​ပါး​​ ​ပြန်​လည်​ တွေ့​ဆုံ​ ဆွေး​နွေး​မည်

alt

သမီး​ ဖြစ်သူ၏ လူမှုရေး အရှုပ်​ အထွေးများနှင့် ပတ်သက်ပြီး လင်းဆေး​ လိုဟန်၏ မိဘနှစ်ပါး ပြန်လည်​ တွေ့ဆုံ ဆွေးနွေး​ တော့မည်​ ဖြစ်သည်။ ၂၀၀၇ ခုနှစ်ကမှ တရားဝင် ကွာရှင်း​ ခဲ့သော်လည်း

လင်မယားချင်း မျက်နှာချင်း မဆိုင်​ ခဲ့သည်မှာ ၁၅ နှစ်ကျော် ကြာမြင့်​ နေပြီ​ ဖြစ်သည့် မိုက်ကယ်​ လိုဟန်နှင့် ဒိုင်နာ​ လိုဟန်တို့သည် ယခုအခါ ထောင်ဒဏ် ၁၃ ရက် ကျခံခဲ့ပြီး ပြန်လည်​ ထူထောင်ရေး စခန်းတစ်ခုတွင် ပြစ်ဒဏ်​ ဆက်လက် ခံယူ​ နေသည့် အသက် ၂၄ နှစ်​ အရွယ် အမေရိကန် အဆိုတော်၊ မင်းသမီး၏ အရေး​ အတွက် ဆွေးနွေး​ မည်ဟု သိရသည်။

လိုဟန်​ အပြင် နောက်ထပ် ကလေး​ သုံးဦးကို ဒိုင်နာနှင့် ရရှိ​ ထားသည့် မိုက်ကယ်က မိမိ​ အနေနှင့် သမီး၏ စိတ်​ အခြေအနေနှင့် ပတ်သက်ပြီး ဇနီးနှင့် အပေါင်း​ လက္ခဏာဆန်ဆန် ဆွေးနွေး​ နိုင်မည်ဟု မျှော်လင့်ကြောင်း X17 Online​ သို့ ပြောကြားခဲ့သည်။ မိုက်ကယ်က သမီး​ ဖြစ်သူ၏ ရှေ့နေ ရှောင်ဟိုလီ​ အပြင် မိသားစု ဆရာဝန်နှင့်ပါ ဆွေးနွေး​ ထားကြောင်းလည်း ပြောဆို​ သွားသည်။ ၎င်းက ပြန်လည်​ ထူထောင်ရေး​ စခန်းသည် သမီး​ ဖြစ်သူ​ အတွက် အမှန်တကယ် လိုအပ်သော အခြေအနေ​ အတွက် ကုစား​ ပေးနိုင်မည်ဟု သံသယရှိမိကြောင်း ပြောကြားခဲ့သည်။ မိုက်ကယ်က သမီး​ ဖြစ်သူ လိုဟန်သည် ၎င်းတို့၏ အိမ်ထောင်ရေး ပြိုကွဲမှုနောက်ပိုင်း စိတ်လွတ်​ ကိုယ်လွတ် လျှောက်လုပ်မှုများ ပိုမို​ ပြုလုပ်​ ခဲ့ကြောင်း သုံးသပ်ခဲ့သည်။

လိုဟန်သည် ၂၀၀၇ ခုနှစ်က အရက်သေစာ မူးယစ်သောက်စားပြီး ကားမောင်းမှုအတွက် ထောင်ဒဏ် ၃ လ ချမှတ်ခံရသော်လည်း ၁၃ ရက်သာ အကျဥ်းကျခံခဲ့ပြီး ယခုအခါ ပြန်လည်​ ထူထောင်ရေး စခန်းတွင် ပြောင်းရွှေ့​ ပြစ်ဒဏ်​ ခံယူခွင့် ရရှိထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here