McAfee​​ ​အား​ Intel​​ ဝယ်​ယူ​​ သွား​ဖွယ်​ရှိ

alt

Intel​ ကုမ္ပဏီသည် နာမည်ကျော် အင်တာနက် Security​ ကုမ္ပဏီကြီး McAfee​ အား အပြီးသတ် ဝယ်ယူ​ နိုင်ရန် နီးစပ်​ နေပြီဟု သိရသည်။ ကွန်ပျူတာ Processor​ များ ထုတ်လုပ် ရောင်းချ​ ရသည့်

ကမ္ဘာကျော် ကုမ္ပဏီကြီးသည် McAfee ၏ ပိုင်ဆိုင်မှု အဝဝအား ဒေါ်လာ ရ.၆၈ ဘီလျံဖြင့် လွှဲပြောင်း​ ယူရန် စီစဥ်​ ထားခြင်း​ ဖြစ်သည်။ ယခုအခါ အရောင်းအဝယ်​ နှင့် ပတ်သက်သော သဘော​ တူညီမှုကို ကုမ္ပဏီ​ နှစ်ခု၏ ဘုတ်​ အဖွဲ့ ဒါရိုက်တာများကြား သဘော​ တူညီမှု ရှိခဲ့ပြီ​ ဖြစ်သည်။

အင်တာနက် အသုံးပြုမှု​ နယ်ပယ်သည် အရှိန်​ အဟုန်နှင့် ကျယ်ပြန့်​ လာနေပြီး Security​ ကဏ္ဍသည် ပိုမို​ အရေးပါသောကြောင့် ယခုလို ရင်းနှီး​ မြှုပ်နှံရန် ဆုံးဖြတ်ခဲ့ခြင်း​ ဖြစ်ကြောင်း Intel​ ၏ အမှုဆောင်​ အရာရှိချုပ်နှင့် ဥက္ကဌဖြစ်သူ ပေါအိုတလီနီက ပြောကြား​ ခဲ့သည်။

McAfee​ သည် ၁၉၈၇ ခုနှစ်က အမေရိကန်​ နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ ဆန်တာကလာရာတွင် စတင်​ တည်ထောင်ခဲ့ပြီး လက်ရှိတွင် ကမ္ဘာ့အကြီးမားဆုံး Security​ နည်းပညာ လုပ်ငန်းကြီးအဖြစ် ထင်ရှား​ လာခဲ့သည်။ ယခုအခါ McFee​ သည် Intel​ ၏ Software​ ဌာန လက်အောက်ခံ​ အဖြစ် အပြည့်အဝ ထောက်ပံ့​ ပေးသည့် အဖွဲ့အစည်း ဖြစ်လာမည်ဟု​ လည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here