​စစ်လက်​နက်​​ ဆိုင်​ရာ​ ​ပင်​တာ​ဂွန်​​ သုံး​သပ်​မှု​ ​တ​ရုတ်​​ အ​စိုး​ရ​ ​ပြင်း​ထန်​စွာ​​ ကန့်​ကွက်

alt

တရုတ် နိုင်ငံက အမေရိကန်၏ ပင်တာဂွန် စစ် ဌာနချုပ်မှ ထုတ်ပြန် သည့် တရုတ်၏ စစ် လက်နက် ဆိုင်ရာ သုံးသပ်မှု မှတ်တမ်းအား ပြင်းပြင်း ထန်ထန် ကန့်ကွက် ငြင်းဆို လိုက်သည်။

ပင်တာဂွန်က တရုတ်သည် စစ် လက်နက်များ အဆင့်မြှင့်တင် တီထွင်မှုတွင် အရှိန်အဟုန် မြှင့်တင်နေပြီး ဒေသတွင်း စိုးမိုးမှုကို​ သာမက အမေရိကန်၏ ပစိဖိတ်​ အနောက်ပိုင်း ဩဇာ​ လွှမ်းမိုးမှုကိုပါ ထိပါး​ လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။ ထို့အပြင် အမေရိကန်၏ ခေတ်မီ​ လက်နက် သုတေသန လုပ်ငန်းများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံမှဟု ယူဆရသည့် အချက်အလက် ခိုးယူရန် ကြိုးပမ်းသော ဆိုင်ဘာ​ ကျူးကျော်မှုများလည်း ဆိုင်ဘာ​ တိုက်ခိုက်မှုများလည်း ရှိခဲ့ကြောင်း ပင်တာဂွန်က ပြောကြားထားသည်။ မိမိတို့အနေနှင့် အမေရိကန် အစိုးရ၏ အစီရင်ခံ မှတ်တမ်းနှင့် ပတ်သက်ပြီး ခိုင်မာစွာ ဆန့်ကျင်ကြောင်း တရုတ်​ နိုင်ငံခြားရေး​ ဝန်ကြီး​ ဌာန ပြောရေး​ ဆိုခွင့်ရ အမျိုးသမီး ဂျီအန်ယုက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား​ သွားသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ တရုတ်နိုင်ငံဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတွင် ပါဝင်သော အချက်အလက်များသည် မှားယွင်းကြောင်း၊ တရုတ်သည် ထိုင်ဝမ်ကဲ့သို့ ဒေသတွင်း နိုင်ငံများကို ခြိမ်းခြောက်ရန် ရည်ရွယ်ချက်မရှိဘဲ တရုတ်၏ လက်နက်အင်အားသည် ကာကွယ်ရေးကဏ္ဍ အတွက်သာဖြစ်ကြောင်း ဂျီအန်က တုန့်ပြန်ပြောဆိုသွားသည်။ ထို့အပြင် အမေရိကန်အနေနှင့် တရုတ်၏ ရပ်တည်မှုကို လေးစားရန် လိုအပ်ကြောင်း သူမက သတိပေးသွားသည်။ သူမက အမေရိကန်သည် တရုတ်အား ဆန့်ကျင်နေခြင်းထက် နှစ်နိုင်ငံ စစ်ရေးနှင့် ကုန်သွယ်ရေး ပိုမိုပူးပေါင်းနိုင်ရန် ကြိုးပမ်းသင့်ကြောင်းလည်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here