အ​မျိုး​သား​​ ​၅၀၀၀​ ​ကျော်​နှင့်​​ ​အ​တူ​ အိပ်​ခဲ့​ဖူး​သည့်​ ​ဗြိ​တိန်​ အ​မျိုး​သ​မီး

alt

အသက် ၂၅ နှစ်အရွယ် ဗြိတိသျှ အမျိုးသမီး တစ်ဦးက သူမသည် အမျိုးသား ၅၀၀၀ ကျော်နှင့် အတူ​ အိပ်ခဲ့ပြီး​ ဖြစ်ကြောင်း ထုတ်ဖော်​ ပြောဆို​ လိုက်သည်။

နစ်ကီလီက သူမ​ အသက် ၁၆ နှစ်​ အရွယ် အပျိုစင်​ ဘဝ ဆုံးရှုံး​ ပြီးကတည်းက အမျိုးသား အမြောက်​ အမြားနှင့် လိင်​ ဆက်ဆံ​ ခဲ့ကြောင်း ပြောကြား​ ခဲ့သည်။ နစ်ကီက နိုက်ကလပ်များ၊ လမ်းကြားများ၊ ပန်းခြံများ၊ ရုပ်ရှင်​ ရုံများနှင့် ဆယ်ကျော်သက် ကပွဲများ​ ပါမကျန် အမျိုးသားများနှင့် တွေ့ဆုံပြီး လိင်​ ဆက်ဆံ​ ခဲ့သည်ဟု​ ဆိုသည်။ သူမက ကမ်းခြေများ၊ ကလပ်များနှင့် အပမ်းဖြေ လေသာဆောင်များတွင်လည်း အပါတ်စဥ် လိင်​ အားလပ်ရက် သတ်မှတ်ကာ အပန်းဖြေ​ ခရီးထွက်ပြီး အမျိုးသားများနှင့် အိပ်ခဲ့ကြောင်း ဂုဏ်ယူစွာ ပြောဆို​ သွားသည်။ အမျိုးသား​ အများစုသည် ခုတင်​ တစ်လုံးမှ တိုင်​ အရေအတွက်လောက် ​သော​ အမျိုးသမီးများနှင့် လိင်​ ဆက်ဆံဖူးသည်ဟု ကြွေးကြော်​ ခဲ့ကြောင်း၊ မိမိကမူ စာအုပ်​ တစ်အုပ်စာ ရေးမှတ်​ ရလောက်သည့် ပမာဏမျှ ထိုကိစ္စကို ဆောင်ရွက်​ ဖူးသည့်​ အတွက် ပိုမို​ သာလွန်ကြောင်း နစ်ကီကဆိုသည်။ အီဘီဇာသို့ ခရီး​ ထွက်စဥ်က သူမသည် တစ်ညထဲတွင် အမျိုးသား လေးဦးနှင့် လိင်​ ဆက်ဆံခဲ့ကြောင်း နစ်ကီက ပြောကြား​ သွားသည်။

မိမိသည် စည်းကမ်းချက် နှစ်ခုကိုမူ သတ်မှတ်ထားကြောင်း၊ မိမိနှင့် ဆက်ဆံသော အမျိုးသားသည် လွတ်လပ်သူ ဖြစ်ရမည်​ ဆိုသော အချက်နှင့် လုံခြံုစိတ်ချရသည့် (ကွန်ဒုံးသုံးသည့်) လိင်ဆက်ဆံမှု ဖြစ်ရမည်​ ဆိုသော အချက်များ​ ဖြစ်ကြောင်း နစ်ကီက ရှင်းပြခဲ့သည်။ ထိုအချက်များ ပြည့်စုံပါက သူမနှင့် တွေ့ဆုံသည့် အမျိုးသားတိုင်း အပြည့်အဝ ပျော်ရွှင်​ ကျေနပ်​ စေရမည်ဟုလည်း နစ်ကီက အာမခံသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here