Titanic သင်္ဘောမှ ရှေးဟောင်း ပစ္စည်းများ သင်္ဘော ဆယ်ယူသည့် ကုမ္ပဏီ ပိုင်ဆိုင်ခွင့်ရ

alt

နစ်မြုပ်နေသည့် Titanic​ သင်္ဘောကြီးမှ ဆယ်ယူ ရရှိသည့် အချို့သော ရှေးဟောင်း ပစ္စည်းများကို ဆယ်ယူခဲ့သည့် သင်္ဘော ကုမ္ပဏီက ပိုင်ဆိုင်ခွင့် ရရှိ သွားပြီ ဖြစ်သည်။

တရုတ်နိုင်ငံမှ အနုပညာ လက်ရာများ အပါအဝင် ပုဂ္ဂိုလ်ရေး ပို်ငဆိုင်သော ပစ္စည်းပေါင်း ၅၉၀၀ ကျော်တို့သည် စုစုပေါင်း ဒေါ်လာသန်း ၁၁၀ ကျော်ထိ တန်ဖိုးရှိသည်။ ယင်းတို့ကို ၁၉၈၅ ခုနှစ်ကတည်းက ရောဘတ်ဘောလတ် ဦးဆောင်သော သမုဒ္ဒရာ သုတေသန အဖွဲ့များက ဆယ်ယူခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် RMS Titanic​ က ဆယ်ယူထားသည့် ပစ္စည်းများနှင့် ပတ်သက်ပြီး ပိုင်ဆိုင်မှု အငြင်းပွားသည့် ကိစ္စများ ပေါ်ပေါက်လာခဲ့သည်။ ထိုကိစ္စသည် တရားရုံးတွင် ကာလရှည် စစ်ဆေးပြီးနောက် ပြီးခဲ့သည့် သီတင်းပါတ်တွင်မူ အမေရိကန် တရားသူကြီး ရီဘက်ကာဘိချ်က ယင်းပစ္စည်းများကို ဆယ်ယူသည့် ကုမ္ပဏီက အပြည့်အဝ ပိုင်ဆိုင်ခွင့်ရှိကြောင်း ဆုံးဖြတ်ပေးလိုက်သည်။ RMS Titanic​ ၏ ရှေ့နေဖြစ်သူ ဘရိုင်ယန်ဝိန်ဂါက တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ကျေနပ်ဝမ်းမြောက်ကြောင်း ပြောကြားသွားသည်။

Titanic​ သည် ၁၉၁၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က ရေခဲတုံးကြီး တစ်ခုနှင့် တိုက်မိပြီး အတ္တလန္တိတ် သမုဒ္ဒရာ မြောပိုင်းတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ရေကြောင်းသွားလာမှု သမိုင်းတွင် အဆိုးရွားဆုံး ဖြစ်စဥ်တစ်ခုအဖြစ် သတ်မှတ်ခံရသည့် သင်္ဘောနစ်မြုပ်မှုတွင် လူပေါင်း ၁၅၁၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here