​တစ်​နှစ်​တာ​ ​ဝင်​ငွေ​​ အ​ကောင်း​ဆုံး​​ ​အား​က​စား​မယ်​​ အ​ဖြစ်​​ ​ရှာ​ရာ​ပို​ဗာ​ ရပ်​တည်​

alt

Forbes​ မဂ္ဂဇင်းက ထုတ်ပြန် ကြေညာမှု အရ တစ်နှစ်တာ အတွင်း ကမ္ဘာပေါ်တွင် ဝင်ငွေ အကောင်းဆုံး အားကစားမယ်များ စာရင်း၏ ထိပ်ဆုံး နေရာတွင် ရုရှား တင်းနစ်မယ် မာရီယာ ရှာရာပိုဗာက ရပ်တည် နေကြောင်း သိရသည်။

ထို့အပြင် ထိပ်ဆုံး ၁၀ နေရာတွင်လည်း တင်းနစ်မယ်များက အဓိက လွှမ်းမိုးထားကြောင်း Forbes ကဆိုသည်။ တင်းနစ် လောကတွင် ဆီရီနာဝီလျံသည် ကမ္ဘာ့ အဆင့် ၁ မှ ရပ်တည် နေသော်လည်း ဝင်ငွေတွင်မူ သူမသည် မော်ဒယ် လုပ်ငန်းဖြင့်ပါ အကြီးအကျယ် အောင်မြင်နေသည့် အသက် ၂၄ နှစ်အရွယ် လှပျိုဖြူကို မယှဥ်နိုင်ခဲ့ပေ။ ပြီးခဲ့သည့် တစ်နှစ်တာ အတွင်း ရှာရာပိုဗာသည် Nike၊ Sony၊ Ericsson၊ Tiffany စသည့် လုပ်ငန်းများတွင် ကြော်ငြာပေးခဲ့သည့် ဝင်ငွေများကြောင့် အားကစား ကဏ္ဍအရ အကြီးအကျယ် မအောင်မြင် ခဲ့သည့်တိုင် ဒေါ်လာ ၂၄.၅ သန်းထိ ရရှိခဲ့သည်။

သူမသည် တင်းနစ်ဆုကြေးများမှ ဒေါ်လာ ၁ သန်းသာ ရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၀၄ ခုနှစ်က ဝင်ဘယ်ဒန် ချန်ပီယံဘွဲ့ကို အမှတ်မထင် ရရှိခဲ့ပြီးနောက် အကြီးအကျယ် ထင်ရှားလာသည့် ရှာရာပိုဗာသည် ငွေကြေးတန်ဖိုး ဒေါ်လာ သန်း ရ၀ ရှိသည့် စာချုပ်ကို အမေရိကန် အားကစားပစ္စည်း Nike နှင့် ချုပ်ဆိုနိုင်ခဲ့သည်။ သူမသည် Sony Ericsson မိုဘိုင်းဖုန်းများကို ကြော်ငြာပေးသည့် အတွက်လည်း ဝင်ငွေ အမြောက်အမြား ရရှိခဲ့ကြောင်း Forbes က ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here