အိ​န္ဒိ​ယ​နိုင်ငံ​သား​​ ကုလသမဂ္ဂ​​ ​ငြိမ်း​ချမ်း​ရေး​​ တပ်​သား​များအား​​ ​ကွန်​ဂိုသူ​ပုန်​တို့​သတ်​ဖြတ်

alt

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ကွန်ဂို နိုင်ငံ အတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက် နေသည့် အိန္ဒိယ နိုင်ငံသား ကုလ သမဂ္ဂ တပ်သား ၃ ဦးကို ကွန်ဂိုရှိ အစိုးရ ဆန့်ကျင်ရေး သူပုန်များက သတ်ဖြတ် ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။

ဩဂုတ်လ ၁၈ ရက်နေ့က ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ၏ ဂိုမာရှိ အခြေစိုက် စခန်းကို သူပုန်တပ်များ၏ ကွန်မန်ဒို တပ်များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ ၎င်းတို့သည် လက်နက် အနေနှင့် ဓားများ၊ လှံများကို သုံးစွဲ သွားကြောင်း ကုလသမဂ္ဂက ကြေညာခဲ့သည်။ ယင်း ဖြစ်စဥ်သည် လွန်ခဲ့သည့် ဆယ်နှစ်ကျော် ကတည်းက ကွန်ဂိုတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက် နေသည့် ကုလ သမဂ္ဂ တပ်ဖွဲ့များ အတွင်း အသေအပျောက် အများဆုံး တိုက်ခိုက် ခံရမှုတစ်ခု ဖြစ်လာသည်။

အမှောင်ထဲမှ ရုတ်တရက် ထွက်လာသော လူ ၅၀ ခန့်သည် ကွန်ဂိုတပ်ဖွဲ့တွင် စကားပြန်အဖြစ် ဆောင်ရွက်နေသည့် အိန္ဒိယသား ၃ ဦးအား ထိုးခုတ်သတ်ဖြတ်ကာ ကျန် ၃ ဦးကို ဆိုးဆိုးရွားရွား ဒဏ်ရာများ ရရှိအောင် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ ထို့အပြင် သေနတ်မပါလာသည့် သူပုန်များအား အသတ်ခံရသူများက မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် အပြည့်ရှိသည့်တိုင် မည်သည့်အတွက်ကြောင့် မပစ်ခတ်ခဲ့သည်ကို ကုလသမဂ္ဂက စုံစမ်းလျက်ရှိသည်။

မှတ်တမ်းများအရ ကွန်ဂိုတွင် ၁၉၉၉ ခုနှစ်က စတင်အခြေချ တပ်စွဲထားပြီးနောက်ပိုင်း ကုလသမဂ္ဂ တပ်ဖွဲ့ဝင် ၃၅ ဦးထိ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here