အ​မေ​ရိ​ကန်​တိုက်​ခိုက်​ရေး​ တပ်​ဖွဲ့​များ​ အီ​ရတ်​မှ​ ​​ပြန်​လည် ​ထွက်​ခွာ

alt

အီရတ် နိုင်ငံတွင် တပ်စွဲ ထားသည့် အမေရိကန် စစ်တပ်များ အနက် နောက်ဆုံး အသုတ် တိုက်ခိုက်ရေး အဖွဲ့များ ပြန်လည် ထွက်ခွာ သွားပြီ ဖြစ်သည်။

ဩဂုတ်လ ၁၈ ရက်နေ့ နံနက် အစောပိုင်းက တပ်သား ၄၀၀၀ ကျော် ပါဝင်သည့် အမေရိကန် တိုက်ခိုက်ရေး အဖွဲ့များသည် သံချပ်ကာ စစ်ကားများဖြင့် ကူဝိတ် နယ်စပ်ဖက်သို့ မောင်းနှင် ထွက်ခွာခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနက ကြေညာသည်။ သို့သော်လည်း အီရတ် အစိုးရအား ကူညီရန်နှင့် အမေရိကန်ပိုင် ရင်းနှီး မြှုပ်နှံမှုများကို ကာကွယ်ရန် အတွက် လက်နက်ကိုင် တပ်သား ၅၆၀၀၀ မှာမူ အီရတ်တွင် ၂၀၁၁ အကုန်ထိ တပ်စွဲ ထားမည် ဖြစ်သည်။ ယင်းတို့သည် လက်နက် တပ်ဆင် ထားသော်လည်း ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင်မည် ဖြစ်ပြီး မည်သည့် ချေမှုန်း တိုက်ခိုက်မှု စစ်ဆင်ရေးတွင်မှ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။

ယခုနှစ် အတွင်း အီရတ်တွင် အမေရိကန် စစ်သည်များ သေဆုံးမှု အမြင့်မားဆုံး အခြေအနေထိ ရောက်ရှိခဲ့ပြီးနောက် အမေရိကန် သမ္မတ ဘာရတ်အိုဘားမား သတ်မှတ်ပေးထားသည့် ဩဂုတ် ၃၁ ရက်နေ့မတိုင်မီ စစ်တပ်များ ၁၃ ရက်စောကာ ဆုတ်ခွာသွားခြင်းဖြစ်သည်။ အီရတ်စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၄၄၀၀ ကျော် ကျဆုံးခဲ့ပြီး ဒေါ်လာ တစ်ထရီလီယံထိ ကုန်ကျခဲ့ကြောင်းလည်း အမေရိကန် အစိုးရက ကြေညာသည်။

သမ္မတ အိုဘားမားကလည်း ဩဂုတ် ၁၉ ရက်နေ့တွင် အီရတ်နိုင်ငံအတွင်း အမေရိကန်၏ စစ်ဆင်ရေးများ ပြီးဆုံးပြီဟု အတည်ပြု ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here