လူ​ပျို​စစ်စစ်​ဖြစ်​ကြောင်း​ Jonas​ Brothers​ ​အ​ဖွဲ့​မှ​​ ​ဂျိုး​ဂျို​နက်​ ကြွေး​ကြော်

alt

Jonas Brothers​ လူငယ် အဆိုတော် အဖွဲ့မှ ဂျိုးဂျိုနက်က ၎င်းသည် ယခုနှစ် အသက် ၂၁ နှစ် ပြည့်မြောက် ချိန်ထိ လူပျို စစ်စစ် ဖြစ်ကြောင်း ကြွေးကြော် လိုက်သည်။

ဆယ်ကျော်သက် မိန်းကလေး ပရိသတ်၏ သည်းသည်းလှုပ် အားပေးမှုကို ခံရသည့် Pop အဆိုတော်လေးသည် ပြီးခဲ့သည့် သီတင်းပါတ်ကုန်က မွေးနေ့ အထိမ်းအမှတ် Show​ တစ်ခုကို ပင်ဆယ်ဗေးနီးယားတွင် ဖျော်ဖြေ​ တင်ဆက်ခဲ့သည်။ ညီအစ်ကို သုံးယောက်အနက် အလတ်ဖြစ်သည့် ဂျိုးသည် အစ်ကိုဖြစ်သူ ကီဗင်၊ ညီငယ် နစ်တို့နှင့် ဖျော်ဖြေ​ ခဲ့ခြင်း​ ဖြစ်ပြီး ထိုပွဲတွင် ကီဗင်က ဦးဆောင်ကာ ပရိသတ်အား တောင်းဆိုပြီး ဂျိုး​ အတွက် မွေးနေ့​ ဆုမွန်ကောင်း တောင်းပေးခဲ့သည်။

Camp Rock စတား အဆိုတော်သည် ယခင်က Celebrity Blogger​ တစ်ဦးအား ၎င်းသည် ချစ်သူဟောင်း ဒယ်မီလိုဗာတိုနှင့် အတူ အိပ်ခဲ့ဖူးကြောင်း ရေးသား သဖြင့် တရားစွဲမည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။ ဂျိုးက ၎င်းတို့ ညီအစ်ကိုအားလုံး လက်မထပ်မီ လိင် မဆက်ဆံရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။ ကီဗင်မှာမူ ယခုအခါ အိမ်ထောင်ကျ​ နေပြီ​ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here