အာ​ကာ​သ​အ​တွင်း​ရှိ​ ISS​ စ​ခန်း​၏​​ ​အ​အေး​ပေး​ စနစ်​​ ​ပြင်​ဆင် ​နိုင်​ခဲ့

alt

၁၀ ရက် အတွင်း တတိယ အကြိမ်မြောက် အာကာသ အတွင်း လမ်းလျှောက် နိုင်ခဲ့ပြီးနောက် နက္ခတ် ဗေဒ ပညာရှင်များသည် နိုင်ငံ တကာ အာကာသ စခန်း (ISS) ရှိ ပျက်စီး နေသော အအေးပေး စနစ်ကို အောင်မြင်စွာ ပြုပြင် နိုင်ခဲ့ပြီ ဖြစ်သည်။

ဩဂုတ်လ ၁၇ ရက်နေ့က အာကာသ ယာဥ်မှူး ဒေါက်ဝှီးလော့နှင့် ထရေစီဆစ်ဝဲဒိုင်ဆန်တို့ အာကာသ အတွင်း လမ်းလျှောက်ကာ စခန်း၏ အအေးပေး စနစ်ကို ပြုပြင် နေသည့် ဓာတ်ပုံများအား အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA) က ထုတ်ဖော် ပြသခဲ့သည်။ ဩဂုတ်လ ရ ရက်နေ့တွင် ပထမ အကြိမ် အာကာသ အတွင်း လမ်းလျှောက် ပြုပြင်မှု ပြုလုပ်စဥ်က အအေးပေး စနစ်၏ အမိုးနီးယား ပိုက်လိုင်းများကို သတ်မှတ်ချိန် အတွင်း မပြုပြင် နိုင်ခဲ့ပေ။ ဩဂုတ် ၁၁ ရက်နေ့တွင် ဒုတိယ အကြိမ် ကြိုးပမ်းသည့်အခါ ပျက်စီးနေသော အပိုင်းကို အောင်မြင်စွာ ဖယ်ထုတ် နိုင်ခဲ့သည်။ NASA က အအေးပေး စနစ် ပြုပြင်ရန် ကြိုးပမ်းခဲ့ရသော အခြေအနေသည် မူလ ခန့်မှန်း သည်ထက် ပိုမို ခက်ခဲခဲ့ကြောင်း ဝန်ခံ ခဲ့သည်။

ဩဂုတ် ၁၇ ရက်နေ့တွင်မူ အာကာသယာဥ်မှူးများ၏ အကောင်းဆုံး ကြိုးပမ်းမှုဖြင့် အအေးပေးစနစ်ကို အောင်မြင်စွာ ပြင်ဆင်နိုင်ခဲ့သည်။ ISSတည်ရှိရာ အာကာ ဟင်းလင်းပြင်သည် နေရောင်ကျရောက်သည့်အခါ ရေဆူမှတ်ထက်ပူပြီး ကျန်အချိန်တွင် ရေခဲမှတ်အောက် အေးသည့်အတွက် အပူအအေး ထိန်းညှိပေးသည့် အအေးပေး စနစ်မှာ အလွန်အရေးကြီးသည်။

ISSတွင် အအေးပေးစနစ် နှစ်ခု တပ်ဆင်ထားပြီး တစ်ခုပျက်နေချိန်တွင် ကျန်တစ်ခုတည်းဖြင့် အရေးပေါ် သုံးစွဲနေခဲ့ရခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here