ဂျော်​ဂျီ​ယာ​နှင့်​ ​အ​ငြင်း​ပွား​နေ​သည့်​ ​နယ်​မြေ​တွင်​ ​လေ​ကြောင်းရန်​​ ကာ​ကွယ်​ရေး​ ​ဒုံး​ကျည်​များ​ ​ရု​ရှား​ဖြန့်​ကျက်

alt

ရုရှားသည် ဂျော်ဂျီယာနှင့် အငြင်းပွားမှုများ ဖြစ်ပေါ် နေသည့် ၎င်းတို့၏ အစောင့် ရှောက်ခံ နယ်မြေ အက်ခါဇီးယားတွင် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ ဖြန့်ကျက် ထားလိုက်ကြောင်း သိရသည်။

ဂျော်ဂျီယာမှ အတင်းအကြပ် ခွဲထွက် လာပြီး ရုရှားနှင့် ပူးပေါင်း လိုက်သည့် ဒေသတွင် S-300 ဒုံးကျည်များ ဖြန့်ကျက် ထားလိုက်ပြီး ဂျော်ဂျီယာမှ ရုတ်တရက် တိုက်ခိုက် လာမှုကို ကာကွယ်ရန် စီစဥ် ထားလိုက်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဌာနကမူ ရုရှား တို့သည် အက်ခါဇီးယားတွင် ယခင်ကတည်းက ဒုံးကျည်များ ချထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ပီဂျေခရိုဝဲက လွန်ခဲ့သည့် ၂ နှစ်က ဂျော်ဂျီယာနှင့် ရုရှားတို့ ဖြစ်ပွားခဲ့သည့် စစ်ပွဲ အပြီးကတည်းက ရုရှားတို့သည် ဒုံးကျည်များ ဖြန့်ကျက် ထားခဲ့ခြင်းဟု ပြောကြား သွားပြီး အမေရိကန် အတွက် အထူး အထွေ အံ့ဩစရာ မဟုတ်ကြောင်းလည်း မှတ်ချက်ပြုသွားသည်။

ဂျော်ဂျီယာ အစိုးရကမူ ရုရှား၏ လုပ်ရပ်ကို ဝေဖန်လိုက်ပြီး ဒေသတွင်း ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာ နိုင်ကြောင်း ပြောကြားခဲ့သည်။ ရုရှားကမူ မိမိတို့၏ ဒုံးကျည် စနစ်သည် အမေရိကန်၊ NATO တပ်ဖွဲ့နှင့် ဂျော်ဂျီယာ တို့ကို တိုက်ခိုက်မည့် ရည်ရွယ်ချက်မျိုး မပါရှိကြောင်း ကာကွယ် ပြောကြား ထားသည်။ ဂျော်ဂျီယာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကမ္ဘာ့ နိုင်ငံများ အနေနှင့် အငြင်းပွားဖွယ် နယ်မြေ တစ်ခုတွင် စစ်တပ် အင်အား ဖြည့်တင်းထားမှု အတွက် ရုရှားအား ကန့်ကွက် ပေးရန် တောင်းဆို ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here