တောင်ကိုရီးယားတွင် ဖော်မြူလာ​ ဝမ်း​ ကားပြိုင်ပွဲများ​ အတွက် ပြေးလမ်းသစ်​ တည်ဆောက်ထား

alt

တောင်ကိုရီးယား နိုင်ငံတွင် အသစ် တည်ဆောက် ထားသည့် ပြေးလမ်းသည် နိုင်ငံ ၏ ပထမဆုံး ဖော်မြူလာဝမ်း ကားပြိုင်ပွဲများ အတွက် အသင့် ဖြစ်နေ ပြီဟု သိရသည်။

စက်တင်ဘာလ ၅ ရက် နေ့တွင် စတင် ဖွင့်လှစ်မည့် ကားပြိုင်ကွင်းတွင် အောက်တိုဘာ ၂၄ ရက်နေ့ တောင်ကိုရီးယား၏ ပထမဆုံး ဂရင်းပရီကို လက်ခံ ကျင်းပ ပေးမည်ဖြစ်သည်။ ယခင်က ဩဂုတ်လတွင် စတင် ဖွင့်လှစ် နိုင်ရန် မျှော်လင့်ခဲ့သော်လည်း အပြီးသတ် ပြင်ဆင်မှု အချို့ကြောင့် နောက်ရွှေ့ခဲ့ခြင်းဖြစ်ကြောင်း အာရှ မော်တော် အားကစား အဖွဲ့ ဥက္ကဌ ဒေးဗစ်ဆိုနာရှာက ပြောကြားခဲ့သည်။ ၎င်းသည် ပြိုင်ကွင်းသို့ ပုဂ္ဂိုလ်ရေး သွားရောက် လည်ပတ်မှု အကြိမ် အချို့ ပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားတို့၏ ကြိုးပမ်း လုပ်ဆောင်ချက်များသည် ယင်းတို့ Deadline​ သတ်မှတ် ထားသည့်နေ့ထက် ကျော်လွန်မှ ပြီးစီးခဲ့သည့် အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောကြားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ပြေးလမ်းနှင့် ပတ်သက်ပြီး အလွန်စိတ်ကျေနပ်မိသလို တောင်ကိုရီးယားသည် ယိုဂမ်းရှိ ပြိုင်ကွင်းကြောင့် ဖော်မြူလာဝမ်း ပြိုင်ပွဲများအတွက် အကောင်းဆုံး အိမ်ရှင်နိုင်ငံတစ်ခု ဖြစ်လာမည်ဟု ၎င်းက ချီးကျုးပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here