အီရန်စစ်တပ်လေယာဉ် နျူကလီးယားစက်ရုံအနီး ပျက်ကျ

alt

အီရန်သတင်းဌာနများက စစ်တပ် လေယာဥ် တစ်စင်းသည် နိုင်ငံ တောင်ပိုင်း နျူကလီးယား စက်ရုံ တစ်ခု တည်ရှိရာ နေရာ အနီး ပျက်ကျ ခဲ့ကြောင်း အတည်ပြု ကြေညာ လိုက်သည်။

စက်တင်ဘာလတွင် စတင် လည်ပတ်ရန် စီစဥ် ထားသည့် စက်ရုံအနီးသည် ဩဂုတ်လ ၁၇ ရက်နေ့က F4​ လေယာဥ် တစ်စင်း ပျက်ကျ ခဲ့ကြောင်း ဘူရှာဟာ ဒေသ အုပ်ချုပ်ရေး ဌာန ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဂိုလမ်ရီဇာကီရှင်ကာက ပြောကြား ခဲ့သည်။ ယင်း လေယာဥ် ပျက်ကျရာ နေရာသည် မြို့ပေါရှိ နျူကလီးယား စက်ရုံမှ ၄ မိုင်မျှသာ ကွာဝေးကြောင်းလည်း ဂိုလမ်က အတည်ပြု ခဲ့သည်။ ဂိုလမ်က လေယာဥ်မှူးရော၊ တွဲဖက် လေယာဥ်မှူးပါ လေယာဥ် ပျက်ကျစဥ် လေထီးဖြင့် ခုန်ထွက် နိုင်ခဲ့သော်လည်း ၎င်းတို့ကို ဆေးရုံသို့ အရေးတကြီး တင်ပို့ခဲ့ရကြောင်း ပြောဆိုသွားသည်။ အခြား အသေးစိတ် အချက်အလက်များကိုမူ ကြေညာခဲ့ခြင်း မရှိပေ။

ဘူရှာဟာ နျူကလီးယား စက်ရုံသည် အီရန်၏ ပထမဆုံး တည်ဆောက်သည့် နျူကလီးယား အဆောက်အအုံတစ်ခုဖြစ်ပြီး လာမည့် သီတင်းပါတ်တွင် လောင်စာ ဖြည့်တင်းမှုများ စတင် ဖွယ်ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here