​ဆင်း​ရဲ​သွား​မှ​ ​ပြန်​လည်​​ ပျော်​ရွှင်​​ နိုင်​ခဲ့​သူ

alt

သူမ ဘဝသည် ဆင်းရဲသည့် အခြေ အနေ ပြန်ရောက်မှ ပျော်ရွှင်မှု ရရှိ လာကြောင်း ထီပေါက်ပြီး သန်းကြွယ် သူဌေး ဖြစ်ခဲ့ဖူးသူ ဗြိတိသျှ အမျိုးသမီးလေး တစ်ဦးက ဝန်ခံ ပြောကြား ခဲ့သည်။

ကယ်လီရိုဂျာသည် သူမ အသက် ၁၆ နှစ် အရွယ်က ပေါင်စတာလင် ၂ သန်း နီးပါး ထီ ဆုကြီး ပေါက် ခဲ့ဖူးသည်။ ထို အခြေအနေသည် သူမအား မိသားစုနှင့် ကွဲကွာ သွားစေ သလို ကျောင်းမှလည်း ထွက် ခဲ့ရအောင် တွန်းအား ပေးပြီး ဒေသ ဆိုင်ရာ လူငယ် အုပ်ချုပ်ရေး အဖွဲ့တစ်ဖွဲ့၏ ထိန်းသိမ်းမှု အောက်တွင် နေထိုင်ခဲ့ရသည်။ ယခုအခါ အသက် ၂၂ နှစ် ရှိနေပြီ ဖြစ်သည့် ကယ်လီက ငွေကြေးသည် သူမ၏ ဘဝကို မွန်းကြပ်ပြီး လမ်းမှား ရောက်စေ ခဲ့ကြောင်း၊ သူမသည် မူးယစ်ဆေးဝါးများ သုံးစွဲကာ ဆေးကြောင်ပြီး မိမိ ကိုယ်ကိုယ် ၃ ကြိမ်မျှ သတ်သေရန် ကြိုးပမ်း ဖူးကြောင်း ဝန်ခံ ခဲ့သည်။ ကမ်ဘရီရှိ ကိုကာမော့တွင် နေထိုင်သည့် ကယ်လီသည် ၂၀၀၃ ခုနှစ်က အမျိုးသား ထီဆုကြီး ပေါက်ခဲ့ပြီးနောက် ငွေကို အလွန်အကျွံ သုံးစွဲခဲ့သည်။ သူမသည် မိသားစုနှင့် ဝေးကွာ သွားသလို ကားများ၊ အဝတ်အထည် ဆန်းများ ဝယ်ယူ ခဲ့သလို ပါတီများတွင်လည်း အသုံးအဖြုန်း ကြီးခဲ့သည်။

သူမသည် အသက် ၂၉ နှစ် အရွယ် အလုပ်လက်မဲ့ နစ်ကီလော်ဆန်ဆိုသူနှင့် တွေ့ဆုံပြီး ၅ နှစ် အရွယ် သားတစ်ဦးနှင့် ၃ နှစ်အရွယ် သမီးလေးတစ်ဦး ရလာခဲ့သည်။ သူမသည် နစ်ကီနှင့် အတူ နေစဥ် ကာလ အတွင်း ကိုကင်း ဝယ်ယူရန် အတွက် ပေါင်စတာလင် ၂၅၀၀၀ဝ မျှ သုံးစွဲခဲ့မိကြောင်းလည်း ကယ်လီက ဝန်ခံသည်။ ယခုအခါ သူမတွင် ထီပေါက်သည့် ပေါင်စတာလင် ၁.၉ သန်းကျော် အနက် ပေါင်စတာလင် ၁၀၀၀၀ဝ မျှသာ ကျန်တော့သည်။ သို့သော်လည်း ဆင်းရဲသွားသည့် အတွက် စိတ်မပျက်ကြောင်း၊ သူမသည် စိတ်သစ် လူသစ်ဖြင့် တစ်ဖန်ပြန်လည် မွေးဖွား လာသည်ဟု ခံစားမိကြောင်း ကယ်လီက ပြောကြားခဲ့သည်။

သူမက ငွေသည် အဆင်အခြင်မဲ့ လူငယ်များအား လမ်းမှား ရောက်စေ တတ်သည်ကို သူမ၏ ဘဝနှင့်ရင်းကာ အတွေ့အကြံု ရရှိစေခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ ကယ်လီက သူမအား အခြေတကျ ဘဝ တစ်ခုကို ပြန်လည် ရရှိစေခဲ့သည့် လက်ရှိ ချစ်သူအား ကျေးဇူးတင်မိကြောင်းနှင့် သူမ၏ ချစ်သူသည် အကြံဉာဏ်ကောင်းများစွာ ပေးခဲ့ပြီး သူမ အတွက် အကူအညီ ဖြစ်စေကြောင်း ချီးကျူး ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here