ရန်လိုတတ်သူများ နှလုံးဖောက်ပြန်​ နိုင်ခြေ ပိုမိုများ

alt

ရန်လိုပြီး တိုက်ခိုက်ချင်စိတ် ပြင်းထန် သူများသည် ယေဘုယျ အားဖြင့် နှလုံးဖောက်ပြန်မှု ဖြစ်ပေါ်ရန် ပိုမို နီးစပ်ကြောင်း သုတေသီများက ပြောကြား ခဲ့သည်။

စိတ်ကြီးပြီး ဒေါသ ပေါက်ကွဲ လွယ်သူများသည် နှလုံး ဖောက်ပြန်မှု၊ လေဖြတ်မှုများ ဖြစ်နိုင်ခြေ သာမန် ထက် သိသိ သာသာ မြင့်တက် နေလေ့ ရှိကြောင်း အေဂျင်း အမျိုးသား ပညာရေး ဌာနက လူပေါင်း ၅၆၁၄ ဦး၏ နှလုံး ကျန်းမာရေး မှတ်တမ်းများကို လေ့လာ ပြီးနောက် ကြေညာ ခဲ့သည်။ ယင်း လူများသည် အီတလီ နိုင်ငံ၊ မြေထဲပင်လယ် ကမ်းခြေရှိ ဆန်ဒင်လာ ရွာလေးမှ ဒေသခံများ ဖြစ်ကြသည်။ ဒေါသ ကြီးမှုသည် နှလုံး သွေးကြောများကို လှုံ့ဆော် နှိုးဆွပြီး လည်ပင်းရှိ သွေးကြောများကို ပိတ်ဆို့ စေတတ်ကြောင်း ပညာရှင်များက ပြောကြား ခဲ့သည်။ အထူးသဖြင့် ဒေါသ ထွက်ခြင်းသည် လည်ပင်း သွေးကြောများ ရုတ်တရက် ပိတ်သွားခြင်းကို ၄၀ ရာခိုင်နှုန်းမျှ ပိုမို ဖြစ်ပေါ် စေနိုင်သည်ဟု ဆိုသည်။

ဦးဆောင် သုတေသီ အန်ဂျလီနာဆူတင်က လေ့လာမှုများ အရ တိုက်ခိုက်လိုစိတ် ပြင်းပြ သူများသည် ပုံမှန်အားဖြင့် လည်ပင်းသွေးကြော နံရံများ ပိုမိုထူထဲနေတတ်ကြောင်း ပြောကြားခဲ့သည်။ သူမက အခြေအနေကို နားလည်လက်ခံလွယ်ပြီး အေးဆေးသော စိတ်သဘောထား ရှိသူများ၏ လည်ပင်းသွေးကြော နံရံများမှာ ပါးလွှာပြီး ရုတ်တရက် သွေးတိုးမှုကို ပြောင်းလွယ်ပြင်လွယ် လက်ခံနိုင်သည့် သဘာဝမျိုးရှိကြောင်းလည်း ရှင်းလင်းပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here