ရူးဘက်ကုဗတုံး ဉာဏ်​စမ်း​​ ကစားစရာကို အကြိမ် ၂၀ ရွှေ့ရုံဖြင့် အဖြေထွက်နိုင်

alt

Google​ ကုမ္ပဏီ၏ စွမ်းအင်မြင့် ကွန်ပျူတာဖြင့် တွက်ချက် အဖြေရှာမှု အရ ကမ္ဘာကျော် ဉာဏ်စမ်း ကစားစရာ တစ်မျိုး ဖြစ်သည့် ရူးဘက် ကုဗတုံးကို အကြိမ် ၂၀ မျှ ရွှေ့ရုံဖြင့် ဆုံးခန်းတိုင် အဖြေ ထွက်နိုင်ကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။

ရောင်စုံ အတုံးလေးများ မျက်နှာပြင် ၆ ဖက်တွင် ပါရှိနေသည့် ယင်း ကစားစရာကို Google​ ၏ ကွန်ပျူတာက မည်သည့် အနေအထားတွင် မဆို အကြိမ် ၂၀ အောက်သာ ရွှေ့ရုံဖြင့် ဖြေရှင်း အောင်မြင်မည့် လျှို့ဝှက်ချက် အား ဖော်ထုတ် ပြခဲ့သည်။ Google​ ၏ စူပါ ကွန်ပျူတာများသည် အမျိုးပေါင်း ၄၃၂၅၂၀၀၃၂၇၄၄၈၉၈၅၆၀၀၀ ရွှေ့နိုင်သည့် ကုဗတုံး ကစားစရာနှင့် ပတ်သက်ပြီး အများဆုံး အကြိမ် မည်မျှရွှေ့ရန် လိုအပ် မည်ကို အဖြေ ရှာပြ ခဲ့ခြင်း ဖြစ်သည်။ အခက်ခဲဆုံး အခြေအနေတွင်ပင် ယင်း ကွန်ပျူတာက အကြိမ် ၂ဝ ထိ ရွှေ့ခဲ့ခြင်း ဖြစ်ပြီး အကြိမ် အများစုကိုမူ ၁၅ ကြိမ်မှ ၁၉ ကြိမ် ကြားတွင် အဖြေ ထွက်အောင် ဖန်တီး ပေးခဲ့သည်။ အိုဟိုင်အိုရှိ ကန့်စတိတ် တက္ကသိုလ်မှ ပရော်ဖက်ဆာ မော်လေးဒေးဗစ်ဆန်က Google​ မှ ပညာရှင်များနှင့် ဂျာမနီ၊ ကနေဒါ နိုင်ငံများမှ သုတေသီများနှင့် ပူးပေါင်းကာ ယခု ကိစ္စ အတွက် လေ့လာမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းက ကုဗတုံးအား အကြိမ်ပေါင်းများစွာ ပုံစံပြောင်းကာ ရွှေ့ထားသော်လည်း Google​ ၏ ကွန်ပျူတာများက ကစားနည်း၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ကာ အကြိမ် ၂၀ အလွန်ဆုံးရွှေ့ရုံဖြင့် ပြီးစီးအောင် အဖြေထုတ်ပြခြင်းဟု ရှင်းပြခဲ့သည်။ ရူးဘက်ကုဗတုံးကို ၁၉၇၄ ခုနှစ်က ဟန်ဂေရီ ပန်းပုဆရာနှင့် ဗိသုကာပညာ ပရော်ဖက်ဆာ အာနိုးရူးဘက်က တီထွင်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်ကျမှ လူအများအား ပြသခဲ့ခြင်းဖြစ်သည်။

ကမ္ဘာကျော် ကစားစရာ တစ်မျိုးဖြစ်လာသည့် ယင်းကုဗတုံးကို အလျင်မြန်ဆုံး ရွှေ့ပြောင်းအဖြေထုတ်ပြနိုင်သူမှာ စကော့တလန်မှ အသက် ၁၈ နှစ်အရွယ် ဘရန်ဒန်ဗီလန်စီဖြစ်သည်။ ယင်းသည် ကမ္ဘာ့ရူးဘက်ကုဗတုံး ဖြေရှင်းမှုပြိုင်ပွဲတွင် ပျမ်းမျှအားဖြင့် ၁၈ ကြိမ်မျှကို ၁၀.၇၄ စက္ကန့်အတွင်းရွှေ့ကာ အဖြေရှာနိုင်သဖြင့် ကမ္ဘာ့ချန်ပီယံ ဖြစ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here