Avatar ဇာတ်ကားမှ အသစ်​ ပြန်လည်​ ပြသချိန်တွင် လိင်​ ဇာတ်ဝင်ခန်းများ ပြန်လည်​ ထည့်သွင်းမည်

alt

Avatar​ ဇာတ်ကားကို အသစ် ပြန်လည် ပြသ ချိန်တွင် ပထမဆုံး ရုံတင်စဥ်က ပယ်ဖျက် ထားသည့် လိင်  ဇာတ်ဝင်ခန်းများ ပြန်လည် ထည့်သွင်းမည်ဟု ဒါရိုက်တာ ဂျိမ်း ကင်မရွန်က ပြောကြား လိုက်သည်။

၎င်းက ကမ္ဘာ့ သမိုင်းတွင် ရုံဝင်ကြေး ဒေါ်လာ ၂ ဘီလျံ အထက် ရရှိ စေခဲ့သည့် တစ်ခုတည်းသော ဇာတ်ကားအား အစမ်း ပြသစဥ်က အဆိုပါ ဇာတ်ဝင်ခန်းနှင့် ပတ်သက်ပြီး ပရိသတ်များက ဝေဖန်မှု ရှိခဲ့သဖြင့် ပယ်ဖျက် လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အပြာရောင် ဂြိုဟ်သားများ အဖြစ် သရုပ်ဆောင် ထားသည့် ဆမ်ဝေါ်သင်တန်နှင့် ဇိုးဆယ်ဒါနာတို့၏ Na’vi ဂြိုဟ်သားများ အသွင် လိင် ဆက်ဆံမှုကို ယခု ပြန်လည် ပြသချိန်တွင် ထည့်သွင်း သွားမည်ဟု ကင်မရွန်က အတည်ပြုခဲ့သည်။ ၎င်းက စက္ကန့် ၂၀ ကြာ အဆိုပါ ဇာတ်ဝင်ခန်းကို ဂြိုဟ်သားများ၏ ချစ်တင်း နှီးနှောမှုဟု အမည်တပ် ထားသည်။ MTV​ နှင့် အင်တာဗျူးတွင် ကင်မရွန်က ၎င်းသည် အဆိုပါ ဇာတ်ဝင်ခန်းကို နှစ်သက် သဘောကျခဲ့ကြောင်း၊ ထို့ကြောင့်လည်း ယခု တစ်ကြိမ် ပြန်လည် ပြသချိန်တွင် ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောဆို သွားသည်။

၎င်းက Avatarသည် အောင်မြင်မှုရပြီး ဇာတ်ကားဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ ဇာတ်ဝင်ခန်းကို ပရိသတ်အား တကျော့ပြန် ဆွဲဆောင်ရန် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းခဲ့ခြင်း မဟုတ်ကြောင်း၊ မိမိညွှန်ပြလိုသည့် အဓိက အချက်မှာ Na’vi ဂြိုဟ်သားများ၏ ချစ်မေတ္တာပင်ဖြစ်ကြောင်း ကင်မရွန်က ထုတ်ဖော်ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here