​ငွေ​ထုတ်​စက်​မှ​ ​ငွေ​ထုတ်​နေ​သည့်​ ​အ​မျိုး​သား​ထံ​မှ​ ​ရင်​သား​ပြ​ကာ​ ​ငွေ​များ​​ အ​လစ်​သုတ်

alt

ATM​ ငွေထုတ်စက်မှ ငွေကြေး ထုတ်ယူနေသည့် အမျိုးသား တစ်ဦးအား အမျိုးသမီး နှစ်ဦးက ရင်သားကို ဗန်းပြပြီး ငွေကြေးများ ယူဆောင် ထွက်ပြေး သွားကြောင်း ပြင်သစ် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ATM ငွေထုတ်စက်တွင် ငွေထုတ် နေသော အမျိုးသား အနီးသို့ အသက် ၂၀ အရွယ် အမျိုးသမီး နှစ်ဦး ချဥ်းကပ် လာပြီးနောက် တစ်ဦးက သူမ၏ ရင်သားများကို လှပ်ပြ ခဲ့သည်။ အံ့ဩပြီး ကြောင်ငေး နေသည့် အမျိုးသားသည် ငွေထုတ်စက်မှ ၎င်းထုတ်ယူ ထားသည့် ငွေများကို လှမ်းမယူဖြစ်ဘဲ ရှိနေစဥ် ကျန်တစ်ဦးက ထိုယူရိုငွေ ၃၀၀ ကို ယူဆောင် ထွက်ပြေး သွားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ပဲရစ် မြို့တော်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ကိစ္စကို လုံခြံုရေး ကင်မရာက မှတ်တမ်း တင်နိုင်ခဲ့သော်လည်း အမျိုးသမီးများ၏ မျက်နှာ အတိအကျကို ပုံရိပ် ဖော်နိုင်ခြင်း မရှိခဲ့ချေ။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် အရာရှိက အမျိုးသမီးများသည် အာရုံပြောင်းစေရန် တမင် ဖန်တီးပြီး ငွေကြေး ရယူခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့သော လုပ်ရပ်မျိုး နောက်တစ်ကြိမ် ပေါ်ပေါက်လာနိုင်သည်ကို သတိပြုသင့်ကြောင်း မှတ်ချက်ပြု ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here