လိင်​စော်​ကား​မှု​ ​စွပ်​စွဲ​ခံ​နေ​ရ​သည့်​ ​ဘုန်း​တော်​ကြီး​များ​ ​နှုတ်​ထွက်​ခွင့်​ ​ပုပ်​ရ​ဟန်း​မင်း​ကြီး​ ​ငြင်း​ဆို

alt

ကလေးငယ်များအား လိင် စော်ကားမှုများ ပြုလုပ် ခဲ့သည်ဟု စွပ်စွဲ ခံနေရသည့် ဂိုဏ်းအုပ် ဘုန်းတော်ကြီးများ၏ ရာထူးမှ နှုတ်ထွက်ခွင့် တောင်းဆို ခြင်းအား​ ပုပ် ရဟန်းမင်းကြီးက ငြင်းပယ် လိုက်ကြောင်း သိရသည်။

ဗာတီကန်နန်းတော် အသိုင်း အဝိုင်းက ရိုမန် ကက်သလစ် ခရစ်ယာန် သာသနာပိုင် အကြီးအကဲသည် ဘုန်းတော်ကြီး အမ်မွန်ဝက်ရှ်နှင့် ရေမွန်ဖီးတို့အား ဂိုဏ်းအုပ် ဘုန်းတော်ကြီး အဖြစ်မှ နှုတ်ထွက်ခွင့်အား လက်မခံ ခဲ့ကြောင်း ပြောကြား သွားသည်။ အိုင်ယာလန်နိုင်ငံ ဒက်ဗလင်မှ ဘုန်းတော်ကြီးများ၏ နှုတ်ထွက် ခွင့်ကို ဗာတီကန် အကြီးအကဲက ပယ်ချ လိုက်ခြင်းသည် ဝေဖန်မှုများကို မြင့်တက် လာစေဖွယ် ရှိနေသည်။

ဘုရားကျောင်းများအတွင်း ကလေးငယ်များကို မဖွယ်မရာ လိင်စော်ကားမှုများ ပြုလုပ်ခဲ့သည် ဆိုသော သတင်းများသည် ပြီးခဲ့သည့် နှစ်ပိုင်းကတည်းက ထွက်ပေါ်လာခဲ့ပြီး ယခုဂိုဏ်းအုပ် ဘုန်းတော်ကြီး နှစ်ပါးအပေါ် အယုံအကြည်မရှိကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်က ဂိုဏ်းအုပ်ဘုန်းတော်ကြီးများအနေနှင့် ယင်းပြစ်မှုများအား ကျူးလွန်ခဲ့သည်ဟု မယုံကြည်ကြောင်း ငြင်းဆိုကာ ၎င်းတို့၏ နှုတ်ထွက်စာများအား လက်မခံခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here