Windows Phone 7 တွင် Xbox 360 ဂိမ်းများ ကစားနိုင်ရန် Microsoft စီစဉ်

alt

Microsoft​ သည် ၎င်းတို့၏ မိုဘိုင်းဖုန်းတွင် အသုံးပြုမည့် Operating System​ သစ် Windows Phone 7​ အား Xbox 360 ဂိမ်းများ ကစားနိုင်အောင် စီစဥ်နေကြောင်း သိရသည်။

ဈေးကွက်အတွင်း ဖုန်းကို ဂိမ်း​ Pad​ တစ်ခုအသွင် ဖန်တီးထားသည့် Apple​ ၏ iPhone​ ကို ယှဥ်ပြိုင်ရန် Microsoft​ အနေနှင့် ၎င်း ထုတ်လုပ်သည့် Xbox 360 ဂိမ်းစက်မှ Software​ များ အသုံးပြု ဆော့ ကစားနိုင်ရန် စီစဥ် နေခြင်း ဖြစ်သည်။ Microsoft​ ၏ ၎င်းတို့၏ ဂိမ်း စတူဒီယိုသည် Window Phone 7 အတွက် ထည့်သွင်းကစားနိုင်မည့် ဂိမ်းများကို စမ်းသပ်နေကြောင်း အတည်ပြုခဲ့သည်။ အထူးသဖြင့် Crackdown 2:Project Sunburst​ နှင့် Guitar Hero 5​ ကဲ့သို့ လူသိများသော ဂိမ်းများကို Windows Phone 7​ အသုံးပြု မိုဘိုင်းဖုန်းများတွင် ကစားနိုင်ရန် Microsoftက ရည်ရွယ်ထားသည်။ Microsoft​ သည် Xbox360​ ဂိမ်းစက်နှင့် PC​ ဂိမ်းစက် ဝယ်ယူထားသူ ၂၅ သန်းတို့က ဂိမ်းအသစ်များနှင့် ပတ်သက်ပြီး လာရောက်ချိတ်ဆက် ကြည့်ရှုသည့် xbox Live ဝန်ဆောင်မှုတွင် ဖုန်းအတွင်း ထည့်နိုင်မည့် ဂိမ်းများကို ဖော်ပြပေးသွားရန် စီစဥ်နေသည်။

Microsoft​ က ပိုမိုဖျော်ဖြေမှုဆန်သည့် အသွင်အပြင်များ Windows Phone 7 OS​ တွင် ဖြည့်သွင်းပေးခြင်းဖြင့် လူကြိုက်များနေသည့် Apple​ ၏ iOS​ ကို ကျော်လွန်နိုင်ရန် မျှော်လင့်လျက်ရှိသည်။ Windows Phone 7​ အား ဈေးကွက်အတွင်း ယခုနှစ် အောက်တိုဘာလတွင် စတင်ဖြန့်ချီရန် Microsoft​ က စီစဥ်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here