​ကို​လံ​ဘီ​ယာ​ ​ခ​ရီး​သည်​တင်​လေ​ယာဥ်​ ​ပျက်​ကျ

alt

ကိုလံဘီယာ နိုင်ငံမှ လေယာဥ် တစ်စင်းသည် လျှပ်စစ် မုန်တိုင်းကြောင့် ပျက်ကျ သွားခဲ့သော်လည်း လူပေါင်း ၁၀၀ ကျော်တို့ သေဘေးမှ လွတ်မြောက် ခဲ့ကြောင်း သိရသည်။

ခရီးသည်တင် Boeing 737 လေယာဥ်သည် မြို့တော် ဘိုဂိုတာမှ ဆန်အင်ဒရက် ကျွန်းသို့ ပျံသန်းရင်း လေဆိပ်သို့ အဆင်းတွင် ပျက်ကျရာ မြေပြင်နှင့် ဆောင့်မိပြီး ၃ ပိုင်း ကျိုးသွားခဲ့သည်။ သို့သော်လည်း ခရီးသည် ၁၂၁ ဦးနှင့် အမှုထမ်း ၆ ဦးတို့ ပါဝင်သော လေယာဥ်မှ အသက် ၆၈ နှစ် အရွယ် အမာဖာနန်ဒက်ဒီဘာရီတိုဆိုသူ ခရီးသည်သာ ထူးဆန်းစွာ သေဆုံး သွားခဲ့သည်။ ဩဂုတ်လ ၁၆ ရက်နေ့ လေယာဥ် ပျက်ကျမှု အတွင်း ဆေးရုံသို့ ပို့ဆောင်စဥ် ဒီဘာရီ သေဆုံးသွားမှုမှာ နှလုံး ရောဂါကြောင့် ဖြစ်နိုင်ကြောင်း ဆရာဝန်များက ဆိုသည်။ ခရီးသည်ပေါင်း ၁၀၀ ကျော်တို့မှာ အနီးရှိ အမော်ဒီပါထရီရာ ဆေးရုံသို့ အလျင်အမြန် တင်ပို့ခြင်း ခံခဲ့ရသည်။

ကိုလံဘီယာ အာဏာပိုင်များက လေယာဥ်သည် လျှပ်စစ်မုန်တိုင်း၏ စက်ကွင်းအတွင်း ရောက်ရှိသွားပြီးနောက် မိုးကြိုးပစ်ချမှုကြောင့် ပျက်ကျခဲ့ခြင်းဟု ယူဆရကြောင်း ပြောဆိုသွားသည်။ ထို့အပြင် ကယ်ဆယ်ရေး ဝန်ထမ်းများက အလွန်ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော မတော်တဆမှုကြီးအတွင်း သေပျောက်နှုန်း အလွန်နည်းခြင်းမှာ အံ့ဩဖွယ် အခြေအနေတစ်ခုဟု ဝန်ခံပြောကြားခဲ့သည်။ ဆန်အင်ဒရက်သည် ကာရေဘီယန် ပင်လယ်အတွင်း တည်ရှိသည့် အပမ်းဖြေResort ကျွန်းကလေးဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here