ဂျော့ကလူးနီး လက်ထပ်ရန် အစီအစဉ်​ မရှိသေး

alt

ဟောလီးဝုဒ်မင်းသား ဂျော့ကလူနီး လက်ထပ်ရန် စီစဥ်နေပြီ ဆိုသော သတင်းများအား ၎င်း ၏ မန်နေဂျာက ပယ်ချ သွားသည်။ ကလူနီးနှင့် လက်ရှိ တွဲနေသည့် အဲလိဇဘက်​ ကာနယ်လက်၏

လက်တွင် လက်စွပ် တစ်ကွင်း ဝတ်ဆင် ထားသည်ကို တွေ့မြင်ရသည့် ပရိသတ်များက ကလူနီးနှင့် ကာနယ်လက်တို့ စေ့စပ် လိုက်ပြီဟု ယူဆ ခဲ့ကြသည်။

သို့သော်လည်း Ocean Eleven ဇာတ်ကားမှ မင်းသား၏ မန်နေဂျာက အီတလီ မော်ဒယ်နှင့် အစီအစဥ် ကြေညာသူ ကာနယ်လက်၏ လက်တွင် ဝတ်ထားသော လက်စွပ်မှာ စေ့စပ် လက်စွပ် မဟုတ်ကြောင်း ငြင်းချက် ထုတ်ခဲ့သည်။ အသက် ၄၉ နှစ်အရွယ်ရှိ ကလူနီးသည် အဆိုပါ လက်စွပ်အား ကာနယ်လက်ကို လက်ဆောင် ပေးခဲ့သည် မှန်သော်လည်း ရတနာ ပစ္စည်း တစ်ခု အနေနှင့် ပေးခဲ့ခြင်းသာ ဖြစ်ကြောင်း သိရသည်။

ကလူနီးနှင့် ကာနယ်လက်တို့သည် ပြီးခဲ့သည့်နှစ် နွေရာသီ ကတည်းက တွဲနေခြင်း ဖြစ်ပြီး ကလူနီးသည် လက်ထပ်ရန် အစီအစဥ် မရှိသေးကြောင်း ထုတ်ဖော် ပြောဆို ခဲ့ဖူးသည်။ ကလူနီးသည် ၁၉၉၃ ခုနှစ်က တယ်လီယာဘာဆမ်နှင့် ကွာရှင်းပြီး နောက်ပိုင်း နောက်ထပ် လက်ထပ်ရန် အစီအစဥ် လုံးဝ မရှိတော့ဟု ပြောကြား ခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here