​ဘီ​ယာ​ကြိုက်​သည့်​ ​အ​မျိုး​သ​မီး​များ​ ​အ​ရေ​ပြား​ရောဂါ​ ​သ​တိ​ထား

alt

ဘီယာကို အလွန်အကျွံ သောက်သုံးသော အမျိုးသမီး များသည် psoriasis အမည်ရှိ အရေပြား ရောဂါ တစ်မျိုး ဖြစ်ပွားနိုင်ခြေ မြင့်တက် လာတတ်ကြောင်း သုတေသီများက သတိပေး ပြောကြား လိုက်သည်။

အထူးသဖြင့် တစ်ပါတ်လျင် ဘီယာ ၅ ကြိမ်နှင့် အထက် သောက်သည့် အမျိုးသမီးများသည် ခန္ဓာကိုယ်တွင် အဖုအပိန့်များ ဖြစ်စေ တတ်သော အဆိုပါ ရောဂါမျိုး ဖြစ်နိုင်ခြေ နှစ်ဆထိ များပြား လာတတ်ကြောင်း ဟားဗက် ဆေး တက္ကသိုလ်မှ ဒေါက်တာ အာဘရီ ကွာရီရှီက ဆိုသည်။ ဒူးနှှင့်တံတောင်ကဲ့သို့ အဆစ် နေရာများတွင် အဖြစ်များသည့် အရေပြား ရောဂါသည် ကယ်လိုရီ နည်းသည့်ဘီယာ၊ ဝိုင်ဖြူနှင့် ဝိုင်နီများကြောင့် ပိုမို ဖြစ်ပေါ် နိုင်သည့် အနေအထားမျိုး မရှိဟုလည်း သိရသည်။ သို့သော်လည်း ဘီယာအပြင်းများ ပုံမှန် သောက်သုံးသည့် အမျိုးသမီးများတွင်မူ ဟိုမုန်းဓာတ်အပေါ် သက်ရောက်ကာ အရေပြားတွင် ထိခိုက်မှုများ ရှိနိုင်သည်ဟု ဒေါက်တာ ကွာရီရှီက ရှင်းပြခဲ့သည်။ ၎င်းနှင့် လုပ်ဖော် ကိုင်ဖက် ပညာရှင်များသည် ၂၀၀၅ ခုနှစ်က psoriasis ရောဂါ ဖြစ်ပေါ်ခဲ့သည့် အမျိုးသမီး ၁၁၅၀ တို့၏ ဆေးမှတ်တမ်းနှင့် နေထိုင်မှု အမူအကျင့်များကို လေ့လာ သုတေသန ပြုလုပ်ပြီးနောက် ယခု တွေ့ရှိချက်အား ကြေညာခဲ့ခြင်း ဖြစ်သည်။

 သုတေသီများက ဘီယာအပြင်းနှင့် အဆိုပါ အရေပြား ရောဂါတို့ကြား ယှက်နွယ်မှု ခိုင်ခိုင်မာမာ ရှိနေသည်ဟု ယုံကြည်လျက် ရှိသည်။ psoriasis သည် လူ တစ်ဦး၏ ခန္ဓာကိုယ်ရှိ ကိုယ်ခံအား စနစ် လျော့နည်း နေချိန်တွင် အများဆုံး ဖြစ်တတ်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here