အလှမယ်များ၏ အပေါ်ပိုင်း​ ဗလာကျင်း​ ပုံများ ပြသခဲ့မှု​ အတွက် မယ်စကြာဝဠာ ရွေးချယ်ရေးအဖွဲ့ ဝေဖန်ခံနေရ

alt

မယ်စကြာဝဠာ ရွေးချယ်ရေး အဖွဲ့သည် ကမ္ဘာ့နိုင်ငံ အချို့မှ နိုင်ငံကိုယ်စားပြု အလှမယ်များ၏ အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများကို ပြသခဲ့ခြင်း အတွက် ဝေဖန်မှုများ ရင်ဆိုင် နေရသည်။

တစ်ကိုယ်လုံးတွင် ဆေးရောင်များ ခြယ်သကာ အပေါ်ပိုင်း အဝတ် မပါသော ဆွဲဆောင်မှု ရှိလှသည့် ဓာတ်ပုံရှင်များ အနက် အမေရိကန် အလှယမ် ရီမာဖာကီ၊ အယ်ဘေးနီးယားမယ် အန်ဂျယ်လာ မာတီနီ၊ အိုင်ယာလန် အလှမယ် ရိုဇာနာပါဆဲ၊ ထရီနီဒက်နှင့် တိုဘာဂို ကိုယ်စားပြု လာတိုယာဝုဒ်တို့လည်း ပါဝင်သည်။ ယင်းတို့၏ ဓာတ်ပုံများကို လက်စ်ဗီးဂက်တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ မယ်စကြာဝဠာ ရွေးချယ်ရေး အဖွဲ့မှ လူထု ဆက်ဆံရေး အရာရှိ မက်မာလီအန်တန်က ယခု ဓာတ်ပုံများသည် အထူး ညှို့ငင်အားကောင်းပြီး အမျိုးသမီးများ၏ လှပမှုကို ပေါ်လွင် စေမည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

မယ်စကြာဝဠာ ပြိုင်ပွဲ စည်းမျဥ်းအရ မယ်စကြာဝဠာဘွဲ့ အရွေးချယ်ခံရသည့် အလှမယ် ကိုယ်တိုင်မှာမူ အဝတ်မပါသော ဓာတ်ပုံများ ရိုက်ကူးခွင့် မရှိချေ။ အန်တန်က သူမအနေနှင့် ယခုဓာတ်ပုံများသည် ပြိုင်ပွဲ၏ အစဥ်အလာနှင့် ဂုဏ်သရေကို ထိခိုက်စေမည်ဟု မယူဆကြောင်း ကာကွယ်ပြောကြားခဲ့သည်။ သူမက ယခုလုပ်ရပ်သည် အလှမယ်များက သူမတို့၏ ခန္ဓာကိုယ်အလှကို အနုပညာဆန်ဆန် ပြသခြင်းသာဖြစ်သည်ဟု ယူဆကြောင်းလည်း ပြောဆိုသွားသည်။

မယ်စကြာဝဠာ ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ဗိုလ်လုပွဲစဥ်ကို ဩဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here