ဆံပင်ဆေးဆိုးမိ​ သဖြင့် အလှမယ်ဘွဲ့ ရုတ်သိမ်းခံရ

alt

နယူးဇီလန်မှ ဆယ်ကျော်သက် အလှမယ်လေး တစ်ဦးသည် သူမ၏ အလှမယ် ချန်ပီယံဘွဲ့ ပြန်လည် ရုတ်သိမ်းခြင်း ခံရသည့် အကြောင်းရင်း အတွက် နားမလည် နိုင်အောင် ဖြစ်နေ ရှာသည်။

အသက် ၁၅ နှစ် အရွယ် အိုလီဗာအိုနီးသည် သူမ၏ ပင်ကိုယ် ဆံပင် ရွှေအိုရောင်ကို ဆေးဆိုး မိသဖြင့် ပြိုင်ပွဲတွင် ဆု ရထားသည့် အလှမယ်ဘွဲ့ ရုတ်သိမ်း ခံလိုက် ရကြောင်း သိရသည်။ ဝမ်ဂါနူး ဆယ်ကျော်သက် အလှမယ် ပြိုင်ပွဲတွင် ဆု ရခဲ့သည့် အိုလီဗာသည် ကြော်ငြာ တစ်ခု အတွက် ဆံပင် ဆိုးထားသည့် ဓာတ်ပုံကို Facebook တွင် ဆုရပြီး ၃ လ အကြာတွင် တင်မိရာမှ ယခုလို ဆု ရုတ်သိမ်းခြင်း ခံခဲ့ရကြောင်း ပြောကြား သွားသည်။

ပြိုင်ပွဲမှ တာဝန်ခံ တစ်ဦး ဖြစ်သူ ဂျာဗန်ဂေါတာက အိုလီဗာ၏ အလှမယ် ဘွဲ့ ရုတ်သိမ်းမှုကို အတည်ပြု ခဲ့ပြီး အလှမယ် ပြိုင်ပွဲ စည်းကမ်းတွင် သဘာဝ မဆန်သော ပြောင်းလဲ ပြင်ဆင်မှုများ ခွင့်မပြုကြောင်း ထည့်သွင်း သတ်မှတ်ထားပြီး အိုလီဗာသည် ယင်း စည်းမျဥ်းများနှင့် မလျော်ညီသော လုပ်ဆောင်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့်လည်း သူမ၏ သရဖူကို ပြန်လည် တောင်းယူ ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here