​ခြေ​ရှုပ်​သည့်​ ​ပီ​တာ​ခ​ရော့​ ​ချစ်​သူ​နှင့်​ ​ခွာ​ပြဲ​မည့်​ ​အ​ခြေ​အ​နေ​ဖြစ်

alt

အင်္ဂလန် လက်ရွေးစင် ဘောလုံး​ အသင်းမှ တိုက်စစ်မှူး ပီတာခရော့​ တစ်ယောက် ၎င်း၏​ ခြေရှုပ်မှုကြောင့် ချစ်သူနှင့် ခွာပြဲမည့် အခြေအနေ ကြံုနေ​ ရကြောင်း သိရသည်။

တော့တင်ဟမ် ဟော့စပါးတွင် ကစားနေသည့် ခရော့သည် အသက် ၁၉ နှစ်​ အရွယ် ပြည့်တန်ဆာ တစ်ဦးနှင့် လိင်​ ဆက်ဆံခဲ့ကြောင်း ဖော်ထုတ်​ သိရှိပြီးနောက် ၎င်း၏​ ချစ်သူ အဘေကလန်စီသည် ခရော့နှင့် လမ်းခွဲရန် ပြင်ဆင်​ နေကြောင်း ခရော့၏ အင်္ဂလန်​ အသင်းဖော် ဂျွန်တယ်ရီ၏ ဇနီးသည် တိုနီတယ်ရီက ပြောကြားခဲ့သည်။ တိုနီက ကလန်စီ​ အနေနှင့် ယခု​ အချိန်သည် မုန်တိုင်း ထန်သော ကာလကို ဖြတ်သန်း​ ရမည့် အနေ​ အထား​ မျိုးဟုလည်း သတိပေး​ ခဲ့သည်။ တိုနီ​ ကိုယ်တိုင်လည်း ခင်ပွန်းသည်က အင်္ဂလန် အသင်းဖော် ဝိန်းဘရစ်၏ ချစ်သူနှင့် ဖောက်ပြန်မှုမျိုး ကြံုခဲ့ဖူးသဖြင့် မိတ်ဆွေရင်း​ ဖြစ်သော ကလန်စီအား ကိုယ်ချင်း စာကြောင်း ပြောဆို​ သွားသည်။

ခရော့အတွက် အခြေအနေကို ပိုဆိုး သွားစေသည်မှာ ၎င်းသည် နိုက်ကလပ် တစ်ခု အတွင်း အမျိုးသမီးများနှင့် နမ်းရှုပ်ကာ သောင်းကျန်း နေသည့် ဓာတ်ပုံများ ထွက်ပေါ်​ လာခြင်း ဖြစ်ပြီး ယခုအခါ ကလန်စီသည် ခရော့နှင့် အိမ်ခွဲ နေထိုင်ပြီး စေ့စပ် လက်စွပ်ကိုပါ ချွတ်ထားပြီဟု နီးစပ်သူများက ဆိုသည်။ ယင်း အခြေအနေနှင့် ပတ်သက်ပြီး ကာယကံရှင်များ ဖြစ်ကြသည့် ခရော့နှင့် ကလန်စီတို့က တစုံတရာ ပြောဆိုခြင်း မရှိကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here