IBM​ ​၏​ ​စွမ်းရည်​မြင့်​ ​အ​ကြီး​မား​ဆုံး​ ​ဆာ​ဗာ​ကွန်​ပျူ​တာ​ ​မိတ်​ဆက်​ပြ​သ

alt

ကမ္ဘာကျော် ကွန်ပျူတာ ကုမ္ပဏီကြီး IBM သည် ၎င်း၏ လုပ်ငန်းသုံး Server များ အတွက် ရည်ရွယ် ထားသော Unix System ကွန်ပျူတာများ အနက် စွမ်းရည် အမြင့်ဆုံး ကွန်ပျူတာအား မိတ်ဆက် ဖော်ထုတ်  လိုက်သည်။

Power 795ဟု အမည်ပေးထားသည့် ကွန်ပျူတာသည် IBM ၏ အကြီးမားဆုံး Unix ကွန်ပျူတာ ဖြစ်လာပြီး ၎င်းသည် မောင်းနှင်အား အတွက် Core ပေါင်း ၂၅၆ ခုကို သုံးစွဲ ထားကြောင်း သိရသည်။ IBM သည် တန်ဖိုး လျော့နည်းသည် Server စနစ်  အသုံးပြု Power 7 ကွန်ပျူတာ အချို့ကိုလည်း ဖော်ထုတ် မိတ်ဆက် ပေးခဲ့ပြီး ယင်းသည် Core ၁ ခု၊ သို့မဟုတ် ၂ ခု အဖြစ် ရွေးချယ် အသုံးပြုနိုင်သည်။

IBMသည် အလယ် အလတ် စွမ်းရည်မျိုးရှိသည့် Power 7 ကွန်ပျူတာ စနစ်ကို ယခု နှစ်ဆန်းတွင် စတင် မိတ်ဆက် ပေးခဲ့သော်လည်း ယခုအခါ အမြင့်ဆုံး စွမ်းရည်နှင့် တန်ဖိုးနည်းပြီး အတန်ငယ် စွမ်းရည်နိမ့်သော ကွန်ပျူတာ စနစ်များကိုပါ ပြသခဲ့ခြင်းဖြစ်သည်။ IBM၏ Serverသစ်များကို Linuxဖြစ်စေ၊ IBMမှ ထုတ်လုပ်သည့် AIXဖြစ်စေ၊ Apple၏ iOSဖြစ်စေ ကြိုက်နှစ်သက်ရာ Operating Systemနှင့် တွဲဖက်သုံးစွဲနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ကွန်ပျူတာစနစ်ကို ၂၅၄ ခုစာ ပိုင်းခြားသုံးစွဲ မောင်းနှင်နိုင်ပြီး လိုအပ်သော စမ်းသပ်မှုများ ပြုလုပ်ပြီးပါက အပိုင်း ၁၀၀ဝ ထိ ခွဲခြားသုံးစွဲနိုင်မည်ဟု IBMကဆိုသည်။

IBMသည် Unixကွန်ပျူတာများ ထုတ်လုပ်ရောင်းချသည့် ဈေးကွက်တွင် ပြိုင်ဖက်များကို အသာစီးရနေပြီး ၂၀၀၉ ခုနှစ်က Unixကွန်ပျူတာ ဈေးကွက်ရှယ်ယာ ၄၀.၃ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားနိုင်ခဲ့ပြီး အနီးဆုံးပြိုင်ဖက် HPမှာ ၂၅.၃ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here