HIV ​ရှိ​မှန်း​​ သိ​လျက်​နှင့်​ ​အ​မျိုး​သား​များ​နှင့်​ ​လိင်​​ ဆက်ဆံ​သည့်​ ​ဂျာ​မ​နီ​​ အ​မျိုး​သ​မီး​ အ​ဆို​တော်​ ​တ​ရား​စွဲ​ခံ​ရ

alt

ဂျာမနီ နိုင်ငံမှ အမျိုးသမီး အဆိုတော်​ တစ်ဦးသည် မိမိ​ ကိုယ်ကိုယ် HIV​ ပိုး ရှိမှန်း​ သိလျက်နှင့် အမျိုးသားများနှင့် အကာ​ အကွယ်မဲ့ လိင်​ ဆက်ဆံ​ ခဲ့သောကြောင့် တရားစွဲဆိုမှု ခံထား​ ရကြောင်း သိရသည်။

ဂျာမနီ၏ နာမည်​ အကြီးဆုံး အမျိုးသမီး ဂီတ​ အဖွဲ့​ တစ်ခု​ ဖြစ်သည့် No Angelsမှ အဖွဲ့ဝင် တစ်ဦး​ ဖြစ်သူ နက်ဂျာဘီနယ်ဆာ၏ အဆင်အခြင်မဲ့မှုကြောင့် သူမ၏ လိင်​ ဆက်ဆံဖက်များ​ အနက် အနည်းဆုံး တစ်ဦးသည် HIV​ ပိုး ကူးစက်မှု ခံခဲ့ရကြောင်း တရားရုံးက ပြောကြားခဲ့သည်။ နက်ဂျာသည် အခြား​ အမျိုးသား နှစ်ဦးကိုလည်း ရောဂါပိုး ကူးစက်အောင် ရည်ရွယ်ချက်​ ရှိရှိ လုပ်ဆောင်​ ခဲ့သည်ဆိုသော စွဲချက်နှင့်လည်း ရင်ဆိုင်​ နေရသည်။ သို့သော်လည်း ယင်းတို့နှစ်ဦးမှာ ကံကောင်းထောက်မစွာဖြင့် HIVပိုး ကူးစက်မှု မခံခဲ့ရပေ။ နက်ဂျာ၏ ချစ်သူဟောင်း​ ဖြစ်သူ အသက် ၃၈ နှစ်​ အရွယ် အမျိုးသားက ၎င်းသည် HIV​ ပိုး ရှိနေပြီမှန်း သိလာသည့်အခါ နက်ဂျာသည် ထိုကိစ္စကို နှုတ်ပိတ်​ နေပေးရန် ငွေပေးပြီး စည်းရုံးခဲ့ကြောင်း တရားရုံးတွင် အစစ်ခံခဲ့သည်။ ၎င်းက ၂၀၀၇ ခုနှစ်က နက်ဂျာနှင့် ၅ ကြိမ်မှ ရ ကြိမ်မျှ​ အထိ နက်ဂျာနှင့် (၃)​ လ​ အတွင်း အတူ​ အိပ်ဖူးကြောင်း ပြောကြားသွားသည်။ ယင်းတို့​ ဇာတ်လမ်း ပြီးဆုံး​ သွားချိန်တွင် နက်ဂျာ၏ အဒေါ်က သူမ၏ တူမတွင် HIV​ ပိုးရှိနေကြောင်း ပြောပြ​ ခဲ့သဖြင့် သွားရောက်​ ဆေးစစ်မှု ခံယူခဲ့ရာ မိမိထံ ရောဂါပိုး ကူးစက်​ နေပြီကို သိရှိခဲ့ရကြောင်း အမျိုးသားက ပြောဆို​ သွားသည်။

နက်ဂျာကမူ မိမိတွင် HIVပိုး ရှိနေမှန်း အမျိုးသားများကို မပြောမိခြင်းသည် ပေါ့လျော့မှု သတ်သတ်သာဖြစ်ကြောင်း ထွက်ဆိုထားသည်။ သူမက အသက် ၁၄ နှစ်အရွယ်တွင် မူးယစ်ဆေးဝါး စွဲခဲ့ပြီး ၁၆ နှစ်တွင် ကိုယ်ဝန်ရခဲ့ကြောင်း၊ ထိုအချိန်ကတည်းက သူမတွင် HIVပိုး ရှိခဲ့သည်ကို သိရှိလာကြောင်း ထွက်ဆိုခဲ့သည်။ တရားရုံးက နက်ဂျာသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အတွင်း အနည်းဆုံး အမျိုးသား ၃ ဦးနှင့် သူမတွင် HIVပိုးရှိမှန်း ထုတ်မပြောဘဲ လိင်ဆက်ဆံခဲ့ကြောင်း ပြောဆိုထားသည်။ အကယ်၍ ပြစ်မှုထင်ရှားပါက နက်ဂျာသည် ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံရနိုင်သည်ဟုလည်း သတင်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here