အက်စပရင်ဆေးဝါးက အမျိုးသားများ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေလျှော့ချပေး

alt

အက်စပရင် ဆေးဝါးများ ပုံမှန်သုံးစွဲခြင်းသည် အမျိုးသားများ အတွက် ဆီးကြိတ် ကင်ဆာ ဖြစ်နိုင် ခြေကို လျှော့ချ ပေးကြောင်း သုတေသီများက ပြောကြားခဲ့သည်။

၇၅ မီလီဂရမ် ဆေးပြားများ နေ့စဥ် တစ်လုံးစီ မှဝဲခြင်းဖြင့် ဆီးကြိတ် ကင်ဆာ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်း နီးပါးမျှ လျော့နည်း စေကြောင်း ဖရက်ဟက်ချီဆန် ကင်ဆာ သုတေသန ဌာနမှ ပညာရှင်များက ဖော်ထုတ် တွေ့ရှိခဲ့သည်။ ယခု လေ့လာမှု အတွက် သုတေသီများသည် ဆီးကြိတ် ကင်ဆာ ဝေဒနာသည် ၁၀၀၁ ဦးနှင့် ကင်ဆာ မရှိသူ ၉၄၂ ဦး၏ အကူအညီကို ရယူခဲ့သည်။

အနည်းဆုံး ၁၂ လမျှ အက်စပရင် ပုံမှန် သောက်ခဲ့သူများသည် ဆီးကြိတ်ကင်ဆာ ဖြစ်စေသည့် အကြိတ်များ ထွက်ပေါ်လာမှု ၂၁ ရာခိုင်နှုန်းမျှနည်းပါးကြောင်း ပညာရှင်များကဆိုသည်။ ၅ နှစ်မျှ ပုံမှန် သောက်သုံးခဲ့သူများသည် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်းထိ လျော့နည်းနေတတ်ကြောင်း သိရသည်။ အချို့သော အကိုက်အခဲ ပျောက်ဆေးများသည်လည်း အက်စပရင်ကဲ့သို့ အာနိသင်မျိုး ရှိသော်လည်း ရ၅ မီလီဂရမ်အောက် ဆေးဝါးများတွင်မူ အကျိုးဖြစ်ထွန်းမှု နည်းပါးသည်ဟုဆိုသည်။

ဆီးကြိတ်ကင်ဆာသည် အမျိုးသားများအတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုဖြစ်ပြီး ဗြိတိန် တစ်နိုင်ငံထဲတွင် နှစ်စဥ်အမျိုးသား တစ်သောင်းမျှ ထိုရောဂါကြောင့် အသက်ဆုံးရှုံးနေကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here