နို့မှုန့်​ အချို့ကြောင့် ကလေးငယ်များ အရွယ်​ မတိုင်မီ အပျိုဖော်ဝင်​ စေနိုင်ဆိုမှု တရုတ်​ ငြင်းဆို

alt

တရုတ်ကျန်းမာရေး ဝန်ကြီးဌာနက နိုင်ငံအတွင်း အချို့သော နို့မှုန့်များသည် ကလေးငယ်များအား ငယ်ငယ်ရွယ်ရွယ်နှင့် အပျိုဖော် ဝင်စေကြောင်း စွပ်စွဲမှုများကို ငြင်းဆန်လိုက်သည်။

အဓိက စွပ်စွဲခံရသည့် Synutra​ နို့မှုန့်နှင့် အခြားသော တံဆိပ် ၂၀ တို့ကို သုတေသနပြုခဲ့ပြီးနောက် နို့မှုန့်များကြောင့် မိန်းကလေးများ ရင်သားကြီးထွားမှု ဖြစ်ပေါ်ရန် လှုံ့ဆော်ပေးသလို အရွယ်မတိုင်ခင် မြီးကောင်ပေါက်ဘဝ ရောက်စေသည်ဆိုသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး မှန်ကန်ကြောင်း သက်သေအထောက်အထား မတွေ့ရဟု ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒန်ဟယ်ဟွာက ပြောဆိုသွားသည်။ ဟူဘိုင်တွင် Synutraနို့မှုန့် သောက်သုံးသည့် လူမမယ် ကလေးငယ် မိန်းကလေး ၃ ဦး၏ ရင်သားများ ကြီးထွားလာကြောင်း စွပ်စွဲမှု ခံရသလို ယင်းကဲ့သို့ ကိစ္စမျိုး ဂွမ်ဒေါင်း၊ ရှန်ဒေါင်း၊ အန်ဟူ၊ ဂျန်ဇီနှင့် ဘေဂျင်းတို့တွင်လည်း ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနက ဈေးကွက်အတွင်း ဖြန့်ဖြူထားသည့် Synutra​ နို့မှုန့် ၃၁ ဘူးနှင့် အခြားသော တံဆိပ် ၂၀ မှ ဘူးများကို ရယူကာ ဓာတ်ခွဲစမ်းသပ်ခဲ့သည်ဟုဆိုသည်။ ပီကင်းယူနီယံ ဆေးတက္ကသိုလ်မှ ပရော်ဖက်ဆာ ဝူဇီယန်းက ယခုလို မိန်းကလေးများ၏ရင်သား ကြီးထွားလာမှုသည် ဟိုမုန်းအပြောင်းအလဲနှင့် ဆက်စပ်နေပြီး ယင်းကို လှုံ့ဆော်ပေးသည့် ခိုင်ခိုင်မာမာ အကြောင်းရင်းကို လေ့လာနေကြောင်း ထုတ်ဖော်ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here