တစ်ကိုယ်တည်းဘဝအတွက် ငြီးငွေ့ပူပန်မှုမရှိဟု ဂျင်နီဖာ​ အင်နစ်စတန်ပြောကြား

alt

ဟောလီးဝုဒ် နာမည်ကျော် မင်းသမီး ဂျင်နီဖာ​ အင်နစ်စတန်က သူမအနေနှင့် တစ်ကိုယ်တည်း ဘဝ​ အတွက် ငြီးငွေ့​ ပူပန်မှု မရှိကြောင်း ပြောကြား​ လိုက်သည်။

အသက် ၄၁ နှစ်​ အရွယ် အင်နစ်စတန်သည် ဘရတ်ပစ်နှင့် ကွာရှင်း​ ပြီးနောက်ပိုင်း အမျိုးသား​ အချို့နှင့် တွဲခဲ့သော်လည်း အိမ်ထောင်သစ် မထူထောင်ခဲ့ချေ။ သူမက တစ်ကိုယ်တည်း ဘဝတွင် နေရသည်ကို လူအများ​ အနေနှင့် မပူပန်​ သင့်ကြောင်းလည်း အကြံပြု​ လိုက်သည်။ Friend​ စတား မင်းသမီးသည် သုက်ပိုး​ အလှူရှင် တစ်ဦး၏ အကူအညီဖြင့် ကိုယ်ဝန်​ ဆောင်ထားသည့် အမျိုးသမီး တစ်ဦး​ အနေနှင့်လည်း အသစ်​ ရိုက်ကူး​ ထားသည့် The Switch ဇာတ်ကားတွင် သရုပ်ဆောင်​ ထားသည်။ Zimbioနှင့် အင်တာဗျူးတွင် အင်နစ်စတန်က အိမ်ထောင်ရေးတွင် အသည်းကွဲမှုများ၊ ရုန်းကန်​ နေရမှုများ ဖြစ်ပေါ်​ နေသည့် အမျိုးသမီးများကို မြင်တွေ့​ ဖူးခဲ့ကြောင်း၊ ယင်းသည် ဘဝနှင့်​ ယှဥ်ကာ အရေးကြီးသည့် ဆုံးဖြတ်ချက်​ ဖြစ်ပြီး သူမ​ အနေနှင့် နောက်တစ်ကြိမ် မစွန့်စား​ လိုတော့ကြောင်း ပြောကြားခဲ့သည်။

အင်နစ်စတန်သည် ပစ်နှင့်ကွာရှင်းခဲ့မှုအတွက် အလွန်ခါးသီးသော အတွေ့အကြံုကို ရရှိခဲ့ကြောင်း ဝန်ခံခဲ့ဖူးသည်။ သူမသည် တစ်ကိုယ်တည်းဘဝကို အထီးကျန်သည်ဟု မခံစားမိကြောင်း၊ လက်ရှိအခြေအနေ အရပ်ရပ်ကို အပြည့်အဝ ကျေနပ်နေကြောင်းလည်း အင်နစ်စတန်က ထုတ်ဖော်ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here