ကယ်လီဖိုးနီးယား လမ်းကြမ်းကားမောင်ပြိုင်ပွဲ မတော်တဆမှု လူ ၈ ဦးသေဆုံး

alt

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတွင် ပြုလုပ်သည့် လမ်းကြမ်း ထရပ်ကားမောင်း ပြိုင်ပွဲ​ တစ်ခု​ အတွင်း မတော်တဆမှု ဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံး​ သွားကြောင်း သိရသည်။

အရှိန်မထိန်းနိုင်သော ပြိုင်ပွဲဝင် ထရပ်ကား​ တစ်စင်းသည် လာရောက်​ အားပေး ကြည့်ရှုသည့် ပရိသတ်များအား ဝင်တိုက်​ ခဲ့ပြီးနောက် လူ ၁၂ ဦးလည်း ဒဏ်ရာများ ရရှိ​ သွားကြောင်း ရဲတပ်ဖွဲ့နှင့် မျက်မြင်များက​ ဆိုသည်။ ဩဂုတ်လ ၁၄ ရက်နေ့က ပြိုင်ပွဲသည် မိုဂျာဗား သဲကန္တရာရကို ဖြတ်ကျော်​ ယှဥ်ပြိုင်​ ရခြင်း​ ဖြစ်သည်။ ဒဏ်ရာရသူများအနက် အချို့သည် စိုးရိမ်ရကြောင်း ဆေးရုံမှ တာဝန်ရှိသူများကဆိုသည်။ မျက်မြင်များက သွေးအလူးလူး ဖြစ်နေသော အလောင်းများကို မြင်တွေ့ခဲ့ကြောင်း သတင်းထောက်များအား ပြောကြားသွားသည်။ ဒဏ်ရာရသူများကို ဆေးရုံကားများ၊ ရဟတ်ယာဥ်များဖြင့် အနီးဆုံး ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရသည်။ Prerunner ထရပ်ကား လမ်းချော်ပြီး လူအုပ်ကြား ဝင်သွားရာ နေရာတွင် သွေးကွက်ကြီးများကို မြင်ခဲ့ရကြောင်းလည်း အခင်းဖြစ်ရာ နေရာတွင် ရှိနေသည့် ဓာတ်ပုံသတင်းထောက် ဒေးဗစ်ကွန်ကင်ကဆိုသည်။

ရဲများက အမည်ဖော်ပြခြင်း မရှိသည့် ဒရိုင်ဗာသည် ဒေါသထွက်နေသည့် လူအုပ်ကြီးက ရန်ရှာခြင်း မပြုနိုင်မီ ထွက်ပြေးသွားကြောင်း ပြောကြားခဲ့သည်။ ယင်းပြိုင်ပွဲကို ပုံမှန်ကျင်းပလေ့ရှိပြီး ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ သဲကန္တရကို ဖြတ်ကျော်ကာ မိုင် ၂၀၀ ကျော် မောင်းနှင်ရခြင်းဖြစ်သည်။ ယင်းခရီးကြမ်း ထရပ်ကားမောင်း ပြိုင်ပွဲသည် အမေရိကန်တွင် ကျော်ကြားသော ပြိုင်ပွဲတစ်ခုဖြစ်ပြီး ပရိသတ် သောင်းနှင့်ချီ လာရောက်အားပေးလေ့ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here