ဗြိ​တိန်ဥ​ယျာဥ်​တွင်​ ​အ​မေ​ဇုန်​တော​​ အ​တွင်း​ ​ပေါက်​ရောက်​လေ့​ရှိ​သည့်​ ​အ​ဆိပ်​ပင်​တွေ့​ရှိ

alt

အပူပိုင်း ဒေသနှင့် အမေဇုန် တို့တွင်သာ ပေါက်ရောက် ရှင်သန် လေ့ရှိသည့် အဆိပ်ပင် တစ်မျိုးအား ဗြိတိန် နိုင်ငံရှိ ဥယျာဥ် တစ်ခုတွင် တွေ့ရှိခံကြောင်း သိရသည်။

အပူပိုင်း hallucinogenic မျိုးနွယ်ဝင်​ အပင်အား ရှေး အမေဇုန် လူရိုင်းများက အဆိပ် လူးမြှား ထိပ်ဖူးတွင် သုတ်လိမ်းသော အဆိပ် ထုတ်ယူသည့် အပင်များ ဖြစ်သည်။ ရှာလွန်နိုဝဲသည် သူမ၏ ဥယျာဥ် အတွင်း ပေါက်နေသည့် ထူးထူးဆန်းဆန်း အပင်အား မတော်တဆ သတိထား မိလာခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအပင်၏ သစ်စေ့ကို ငှက်တစ်ကောင်က ချီလာပြီးနောက် ယခုနေရာတွင် ချထားရာမှ အပင်ပေါက်လာခြင်း ဖြစ်နိုင်ကြောင်းလည်း ရှာလွန်ကဆိုသည်။ အဆိုပါ အပင်၏ အဆိပ်သည် လူကို သေစေသည်အထိ ဖြစ်နိုင်သလို အစေ့ကိုလည်း စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးတစ်မျိုးအဖြစ် အသုံးပြုနိုင်သည်။ အပင်၏ အဆိပ်သည် လူကို တုန်လှုပ်ခြောက်ခြားမှုများ ဖြစ်လာအောင် လှုံ့ဆော်စေတတ်ကြောင်းလည်း ပညာရှင်များက ပြောကြားခဲ့သည်။

ရှာလွန်သည် မူလက အပင်၏ ရင်းမြစ်ကို မသိရသေးဘဲ အင်တာနက်မှတဆင့် ရှာဖွေရာမှ အမေဇုန်တွင် အများဆုံး ပေါက်ရောက်သည့် အဆိပ်ရှိ အပင်မှန်း သိလာခြင်းဟုဆိုသည်။ လုံခြံုရေး ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည့် ရှာလွန်က မိမိ၏ အငြိမ်းစား မိဘများသည် ဥယျာဥ်တွင်းရှိ အပင်များ အားလုံးကို သိရှိကြောင်း၊ ထိုအပင်သည် ၎င်းတို့စိုက်ပျိုးထားသည့် အပင်မဟုတ်မှန်း သတိပြုမိပြီးနောက် စုံစမ်းခဲ့ရာမှ ယခုလို သိရှိလာခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here