ဈေနှုန်း​ အလွန်သက်သာပြီး Touchscreen နည်းပညာသုံး Medion Desktop ကွန်ပျူတာ

alt

Medion​ သည် ကမ္ဘာ့​ ကွန်ပျူတာ ထုတ်လုပ်မှု လောကတွင် အလွန်​ ဩဇာ​ ကြီးမားသည့် အမှတ်​ တံဆိပ် တစ်ခုတော့ မဟုတ်ချေ။ သို့သော်လည်း ၎င်းသည် ကွန်ပျူတာ သုံးစွဲသူများ

စိတ်ဝင်စား​ စေမည့် Desktop​ ကွန်ပျူတာ တစ်မျိုးအား မိတ်ဆက်​ ပေးလိုက်​ ခြင်းဖြင့် နာမည်ကျော်​ လာမည့် ခြေလှမ်းကို စတင်​ လိုက်သည်။

လက်တလော ကမ္ဘာပေါ်တွင် အလွန်​ ရေပန်းစားနေသည့် Touchscreen နည်းပညာကို အသုံးပြုထားပြီး သိုလှောင်မှု​ စွမ်းရည် Hard Disk​ ပမာဏ 500 GB​ နှင့် Memory 4GB​ ပါဝင်သော ကွန်ပျူတာသည် ဈေးနှုန်း​ အလွန်​ သက်သာပြီး ပေါင်စတာလင် ၆၃၀ သာ ကျသင့်မည်ဟု​ ဆိုသည်။ ယင်းတွင် ပါဝင်သော Touchscreen Monitor​ ဖြစ်သည့် ၂၁ လက်မ​ အရွယ် LCD တစ်မျိုး​ ထဲသည်ပင် HP​ တံဆိပ်တွင် ပေါင်စတာလင် ၁၃၀၀ ကျသင့်သည်။

All in Oneအဖြစ် အသုံးပြု​ နိုင်သော ကွန်ပျူတာသည် DVD​ ဖွင့်ခြင်း၊ HD​ ဗီဒီယိုများ ကြည့်ရှုခြင်းနှင့် TV​ အစီအစဥ်များ Recording​ လုပ်ခြင်းတို့ကို စွမ်းဆောင်နိုင်သည်။ ဂျာမန်ကုမ္ပဏီ Medion​ က ၎င်းတို့သည် တန်ဖိုး​ နည်းပါးသည့် Touchscreen ကွန်ပျူတာများ ပိုမိုထုတ်လုပ်သွားနိုင်ရန် ရည်ရွယ်ကြောင်းနှင့် ယခု​ ကွန်ပျူတာသည် iPhone​ အကြီးစားကို ကိုင်တွယ်​ နေရသည့်နှယ် ဖြစ်စေမည်ဟု ကြွေးကြော်ထားသည်။

Touchsreen​ နည်းပညာသည် ကမ္ဘာပေါ်တွင် တစထက်တစ အသုံးတွင်ကျယ်လျက် ရှိနေပြီး မကြာသေးမီက ကမ္ဘာကျော် Web Browser​ ဖြစ်သော Firefox​ ၏ နောက်ဆုံး​ Beta Version​ သည် Touchsreen အသုံးပြုကွန်ပျူတာများအတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး အင်တာနက် အသုံးပြုမှုကို Touchscreen​ ဖြင့် ဆောင်ရွက်လာနိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here