​အ​မေ​ရိ​ကန်​​ ဘု​ရား​ကျောင်း​ရှေ့​တွင်​ ​အ​မျိုး​သ​မီး​များ​ ​ရေ​ကူး​ ဝတ်​စုံ​ဖြင့်​ ​ဆ​န္ဒ​ပြ

alt

အမေရိကန်နိုင်ငံရှိ ဘုရားကျောင်း တစ်ခုရှေ့တွင် ရေကူး ဝတ်စုံနှင့် အမျိုးသမီးများ စုရုံး ထိုင်ကာ ဆန္ဒပြ နေခြင်းကြောင့် မြင်ကွင်းမှာ ဖြတ်သွား ဖြတ်လာ လူအများ အတွက် ထူးထူး ဆန်းဆန်း ဖြစ်နေခဲ့သည်။

အိုဟိုင်အိုရှိ ဝါဆောမည်ရှိ မြို့လေး၏ ဘုရားကျောင်းရှေ့တွင် တော်မီဂျော့နှင့် ၎င်းပိုင်သော အဖော်အချွတ် ကလပ်မှ အမျိုးသမီးများ စုရုံးကာ ယခုလို ဆန္ဒပြ နေခြင်း ဖြစ်သည်။ နယူးကာဆယ်တွင် နေထိုင်သည့် တော်မီက ဘုရားကျောင်းမှ ဘုန်းတော်ကြီးများသည် လာရောက် ဝတ်ပြု ဆုတောင်းသူများအား မိမိတို့၏ ကလပ်သို့ မလာရောက်ရန် ညွှန်ကြား တားမြစ်သည့် အတွက် ယခုလို ဆန္ဒပြခြင်းဟု ပြောကြားခဲ့သည်။

ဩဂုတ်လ ၈ ရက်နေ့က New Beginnings Ministries ဘုရားကျောင်းရှေ့တွင် ဘုရားကျောင်းမှ သင်းအုပ်ဆရာ ဘီဒန်ဖီးနှင့် အခြားသူများအား ကန့်ကွက်ကြောင်း ကြွေးကြော်ကာ တော်မီနှင့် ရေကူး ဝတ်စုံဝတ် အမျိုးသမီးများ စုထိုင် နေခြင်း ဖြစ်သည်။ ထိုလုပ်ရပ်နှင့် ပတ်သက်ပြီး သင်းအုပ် ဆရာ ဒန်ဖီးက တော်မီသည် ကပ်ပါးကောင် တစ်ကောင်ကဲ့သို့ ယုတ်ညံ့ သေးနုပ်လှကြောင်း ဝေဖန် စွပ်စွဲသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here