ဆေး​ဝါး​များ​ကို​ ​ခံ​နိုင်​ရည်​ရှိ​သည့်​ ​စူ​ပါ​ ပိုး​မွှား ​​ရော​ဂါ​ပိုး​ အာ​ရှ​မှ​ ​ဩ​စ​တြေး​လျ​သို့​ ​ရောက်​ရှိ​

alt

ဆေးဝါးများကို ခံနိုင်ရည်ရှိသည့် စူပါ ပိုးမွှား အဖြစ် တင်စား ခံရသော ရောဂါပိုး တစ်မျိုးသည် အာရှတိုက် တောင်ပိုင်း ဒေသမှ တဆင့် ဩစတြေးလျသို့ ရောက်ရှိ လာကြောင်း သိရှိရသည်။

အိန္ဒိယသို့ အလည် သွားရောက်ခဲ့သည့် ဩစတြေးလျ နိုင်ငံသား ၃ ဦးတွင် အဆိုပါ ရောဂါပိုးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းတို့သည် မွမ်ဘိုင်းသို့ သွားရောက် ခဲ့ပြီးနောက် ကိုယ်ခံအားကို ဟန့်တား နိုင်စွမ်းရှိသည့် ယင်း ပိုးမွှားများ ကူးစက် ခံရသည်ကို စစ်ဆေး ဖော်ထုတ် နိုင်ခဲ့ကြောင်း ကင်ဘာရာ ဆေးရုံ ကူးစက် ရောဂါ ဌာန အကြီးအကဲ ပရော်ဖက်ဆာ ပီတာကိုလင်နွန်က ထုတ်ဖော် ပြောကြား သွားသည်။

ဘက်တီးရီးယားမျိုးနွယ်ဖြစ်သော ယင်းပိုးမွှားမျိုး ကူးစက်ခံထားရသူ ၃၇ ဦးကို နယူးဒေလီတွင် တွေ့ရှိခဲ့ပြီးဖြစ်သည်။ ယင်းသည် ခန္ဓာကိုယ်ရှိ အင်ဇိုင်းများကို ထိခိုက်စေကြောင်း ဒေါက်တာပီတာကဆိုသည်။ ယင်းကဲ့သို့သော ပိုးမွှားမျိုး တိုက်ခိုက်ခံရသဖြင့် အိန္ဒိယသို့ ရောက်နေသည့် ဆွီဒင်လူမျိုး တစ်ဦးလည်း ဆေးရုံတက်နေရကြောင်း သိရသည်။ မိမိတို့အနေနှင့် ထိုကဲ့သို့ ဆေးဝါးများကို ခံနိုင်ရည်ရှိသည့် ရောဂါပိုးမျိုး မကြာခဏ တွေ့ရတတ်ကြောင်းနှင့် ကံကောင်းထောက်မစွာဖြင့် ရောဂါပိုး ကူးစက်ခံရသူများ အခြေအနေ ဆိုးဆိုးရွားရွား လုံးဝမဖြစ်ကြောင်း ဒေါက်တာပီတာက ပြောကြားခဲ့သည်။ ၎င်းက ယင်းသို့သော ပိုးများသည် စားသုံးသီးနှံများတွင် ဖြန်းပက်သည့် ပိုးသတ်ဆေးများ စင်ကြယ်အောင် မဆေးကြောဘဲ ထားရှိရာမှ ပိုးမွှားအချို့ ဆေးဒဏ်ခံနိုင်သော အခြေအနေ ရောက်ရှိသွားစေခြင်းဖြစ်ကြောင်းလည်း ပြစ်တင်ခဲ့သည်။

ကမ္ဘာပေါ်တွင် ဆေးဝါးဒဏ် ခံနိုင်သည့် ရောဂါပိုးများကြောင့် သေဆုံးသူ အမြောက်အမြား ရှိခဲ့ကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်မူ အဆိုပါ ကိစ္စမျိုးသည် ကုသရေးကဏ္ဍအတွက် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်နေတတ်ကြောင်း ဒေါက်တာပီတာက ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here