အ​လွန်​ရှား​ပါး​သည့်​ ​နှင်း​ကျား​သစ်​များ​​ အ​တွက်​ ​အာ​မ​ခံ​​ အ​စီ​အ​စဥ်​ ​ပါ​က​စ္စ​တန်​​ ပြ​ဌာန်း

alt

ပါကစ္စတန် နိုင်ငံတွင် အလွန် ရှားပါးသည့် တိရစ္ဆာန်မျိုး ဖြစ်သည့် နှင်းကျားသစ်များ အတွက် အာမခံ အစီအစဥ် တစ်ခု ရေးဆွဲ ပြဌာန်း လိုက်ပြီ ဖြစ်သည်။

အထူးသဖြင့် နှင်းကျားသစ်များကို သတ်ဖြတ် လေ့ရှိသည့် ရွာများတွင် ယင်း သားစား သတ္တဝါများကို အကာအကွယ် ပေးမည့် ဥပဒေ တစ်ရပ် ပြဌာန်း ပေးလိုက်ခြင်း ဖြစ်သည်။ အမေရိကန်ရှိ ထရီနီတီ ကောလိပ်တွင် တာဝန် ထမ်းဆောင် နေသည့် ပါကစ္စတန်သား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သုတေသန ပညာရှင် ရှက်ကွက် ဟူစိန်က နှင်းကျားသစ်များသည် ရွာသားများ မွေးမြူ ထားသည့် ဆိတ်အုပ်များကို ဝင်ရောက် တိုက်ခိုက်သည့် အတွက် ယင်းတို့ကို ရွာသားများက သတ်ပစ် လေ့ရှိကြောင်း ရှင်းပြ ခဲ့သည်။

နှင်းကျားသစ်တစ်ကောင် နောက်ဆုံးတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နေရာမှာ ဘာတီစတန်ရှိ ဂါလန်မာဒီ ရွာကလေးတွေင်ဖြစ်သည်။ သို့သော်လည်း အာဏာပိုင်များသည် ဆိတ်တစ်ကောင် ဆုံးရှံုးခဲ့ပါက ရူပီးငွေ ၄၅၀၀ ပြန်အမ်းပေးပြီး နှင်းကျားသစ်များကို ခြောက်လှန့်မောင်းထုတ်ရုံအပြင် မသတ်ဖြတ်ရန် ရွာသားများအား တိုက်တွန်းထားသည်။ ယင်းအစီအစဥ်ကို ပါကစ္စတန်ရှိ ရွာ ၁၀ ခုတွင် စတင်အကောင်အထည်ဖော်နေပြီး ထို့ထက်ပိုမို တိုးချဲ့သွားမည်ဖြစ်သည်။

နှင်းကျားသစ်များသည် ကမ္ဘာပေါ်တွင် မျိုးသုဥ်းပျောက်ကွယ်လုနီးနီး ရှားပါးနေပြီဖြစ်ပြီး ၎င်းတို့၏ လှပသော အရေခွံအတွက်လည်း သတ်ဖြတ်မှုများ ခံရလေ့ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here