Windows 7 ပါဝင်သည့် Asus Eee Tablet စတင် ရောင်းချ တော့မည်

alt

Asus​ ကုမ္ပဏီသည် Windows 7 ထည့်သွင်း ပေးထားသည့် Tablet ကွန်ပျူတာသစ် Eee Pad​ ကို စတင် ရောင်းချရန် အသင့် ရှိနေပြီဟု သိရသည်။

ထို ကွန်ပျူတာ၏ တန်ဖိုးသည် ဒေါ်လာ ၁၀၀၀ ဝန်းကျင်ထိ ကျသင့်မည် ဖြစ်သော်လည်း Asus အနေနှင့် တန်ဖိုး ပိုနည်းသည့် Android အခြေပြု Tablet​ ကိုလည်း ထုတ်လုပ်ရန် စီစဥ် ထားကြောင်း သတင်းများက ဆိုသည်။ ၁၂ လက်မ မျက်နှာပြင် အကျယ်ရှိသည့် Eee Pad သည် Core 2 Duo အမျိုးအစား Processor​ နှင့် OS​ အဖြစ် Windows 7 Home Premium​ ကို ထည့်သွင်း ပေးထားကြောင်း သိရသည်။ Asus​ ၏ CEO​ ဖြစ်သူ ဂျယ်ရီရှန်က ယခုသတင်းကို အတည်ပြုခဲ့ပြီး မကြာမီ Eee Pad​ ကို ဈေးကွက် အတွင်း ဖြန့်ချီမည်ဟု ပြောကြားခဲ့သည်။

Asus​ သည် ပိုမိုသေးငယ်သည့် ၁၀ လက်မအရွယ် Tablet​ ကွန်ပျူတာကိုလည်း ၂၀၁၁ နှစ်ဆန်းပိုင်းတွင် ရောင်းချသွားရန် စီစဥ်ထားသည်။ ယင်းသည် ဒေါ်လာ ၄၀၀ မှ ၅၀၀ ကြား ကျသင့်ဖွယ် ရှိနေသည်။ ထို့အပြင် Asus​ သည် Google​ ၏ Android​ ကို OS​ အဖြစ် အသုံးပြုသော Tablet​ အတွက်လည်း Developer​ ပေါင်း ၈၀၀ ကျော်ဖြင့် တီထွင်နေကြောင်း သိရသည်။ Eee Pad​ သည် Tablet ကွန်ပျူတာ လောကကို ဦးဆောင်နေသည့် Apple​ ၏ iPad​ အား ကျော်လွန်နိုင်မည်ဟုလည်း Asus​ က ယုံကြည်လျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here