၂၀၁၀ ခုနှစ် အတွင်း အမြန်ဆုံး ပြေးနိုင်သူ အဖြစ် တိုင်ဆင်ဂေး စံချိန်တင်

alt

ယခုနှစ် အတွက် အမြန်ဆုံး ပြေးနိုင်သူ အဖြစ် တိုင်ဆင်ဂေးက မှတ်တမ်းဝင်သွားကြောင်း သိရသည်။ ဩဂုတ်လ ၁၃ ရက်နေ့က အေဗီဗာလန်ဒန် ဂရင်းပရီ မီတာ ၁၀၀ ပြေးပွဲတွင် ၂၀၁၀ အတွင်း အကောင်းဆုံး စံချိန်ကို ဂေးက တင်လိုက်နိုင်သည်။

အမေရိကန် အပြေးသမားကို ဗြိတိန် ပရိသတ်က သောင်းသောင်းဖြဖြ အားပေးခဲ့သည်။ အားကစားရုံ၏ နှစ်ပေါင်း ၄၀ ကြာ သမိုင်းတွင် ဂေးသည် အမြန်ဆုံး အဖြစ် ၉.၇၈ စက္ကန့်ဖြင့် စံချိန် တင်လိုက်သည်။ ယင်းသည် ၂၀၁၂ လန်ဒန် အိုလံပစ်တွင် အဓိက ပြိုင်ဖက်များ ဖြစ်လာဖွယ်ရှိသည့် အူစိန်ဘော့နှင့် အဆာဖာပိုဝယ်တို့အတွက် ခြိမ်းခြောက်မှု တစ်ခုလည်း ဖြစ်လာသည်။ အကောင်းဆုံး ပြေးနှုန်းကို ရရှိနေသဖြင့် ကျေနပ်ကြောင်း ဂေးက သတင်းထောက်များအား ပြောကြားခဲ့သည်။

ကမ္ဘာ့တာတို အပြေးလောကတွင် ဂေး၏ အဓိက ပြိုင်ဖက်ဖြစ်သူ ဘော့မှာမူ ဒဏ်ရာ အနည်းငယ် ရှိနေခြင်းကြောင့် ၂၀၁၀ ကုန်ဆုံးချိန်ထိ ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်တော့မည် မဟုတ်ဟု ကြေညာထားသည်။ ၎င်းသည် ဘေဂျင်းအိုလံပစ်တွင် အောင်ပွဲခံထားနိုင်ပြီး ကမ္ဘာ့အမြန်ဆုံး လူသားအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here