နစ်ကိုးကစ်မင်း မော်တော်ကားတင် ဓာတ်လှေခါး ပါဝင်သည့် အိမ်တစ်လုံး ဝယ်ယူ

alt

နစ်ကိုးကစ်မင်း တစ်ယောက် နယူးယောက် မြို့လယ်ရှိ မက်ဟမ်တန်တွင် ကြီးကျယ် ခမ်းနားသည့် တိုက် တစ်လုံး ဝယ်လိုက်ကြောင်း သိရသည်။ ဒေါ်လာ ၁၀ သန်း ပေးရသည့် ယင်း တိုက်သည်

အင်ပါယာ စတိတ် အဆောက် အအုံကြီးနှင့် မလှမ်း မကမ်းတွင် တည်ရှိပြီး အိမ်ထဲသို့ တိုက်ရိုက် ကားမောင်း ဝင်နိုင်အောင် ကျယ်ပြန့်သည်။

နာမည်ကျော် ဟောလီးဝုဒ် မင်းသမီးနှင့် ခင်ပွန်းသည် ကိတ်အာဘန်တို့ နေထိုင်မည့် အဆိုပါ အိမ်တွင် မော်တော်ကားများကို အထက်သို့ တင်ထားနိုင်မည့် ဓာတ်လှေခါးပင် ပါရှိကြောင်း သိရသည်။ အကျယ် ၃၂၄၈ စတုရန်းပေရှိပြီး ၆ ထပ်မြင့်သောတိုက်သည် ဒေါ်လာ ၁၂.၅ သန်းဖြင့် စတင် ဈေးဖွင့် ခဲ့သော်လည်း ဒေါ်လာ ၁၀ သန်းနှင့် ဈေးတည့် သွားခြင်း ဖြစ်သည်။

နက်ရှဗီးတွင် နေထိုင်သည့် အသက် ၄၃ နှစ်အရွယ် မင်းသမီးသည် ဩစတြေးလျနှင့် လော့စ်အိန်ဂျယ်လိစ်တို့တွင်လည်း အိမ်ကြီးများ ရှိနေသည်။ ယခု ဝယ်ယူသော အိမ်သည် ဟတ်ဆန်မြစ်ကို မျက်နှာမူထားပြီး ခမ်းခမ်းနားနား ပြင်ဆင်ထားသည်။ ကစ်မင်း အနေနှင့် အဆိုပါ အိမ်သို့ မည်သည့် အချိန်တွင် ပြောင်းရွှေ့ လာမည်ကိုမူ မသိရသေးချေ။

LEAVE A REPLY

Please enter your comment!
Please enter your name here